ရက်ရှ်ဖို့ဒ်တွင် အောင်မြင်နိုင်သည့် အနာဂတ်ရှိဟု မော်ရင်ဟို ချီးကျူး

A d v e r t i s e m e n t With Us

September 15, 2016

ရက်ရှ်ဖို့ဒ်တွင် အောင်မြင်နိုင်သည့် အနာဂတ်ရှိဟု မော်ရင်ဟို ချီးကျူး

မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်မှူး မားကတ်စ်ရက်ရှ်ဖို့ဒ်ဟာ တောက်ပအောင်မြင်နိုင်တဲ့ အနာဂတ်တွေ ရှိနေတယ်လို့ အသင်းရဲ့ နည်းပြဖြစ်တဲ့ မော်ရင်ဟိုက ချီးကျူး ပြောကြားလိုက်ပါတယ်။ ဖီယင်နုအသင်းနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ထည့်သွင်း အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ကို ယုံကြည်ကြောင်း၊ သူ့ကို များများခိုင်းဖို့လိုကြောင်း၊ သူ့ကို ဒီထက်ပိုပြီး မြှင့်တင်ပေးဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၈ ဂိုး သွင်းယူပေးထားပြီး အရေးပါတဲ့ ပြိုင်ပွဲတွေမှာ ဂိုးတွေ သွင်းယူထားနိုင်သူပါ။ မန်ချက်စတာဒါဘီပြိုင်ပွဲမှာလည်း ရက်ရှ်ဖို့ဒ် ၀င်ရောက်လာတဲ့ အချိန်မှသာ မန်ယူအသင်းရဲ့ ကစားအား တက်လာခဲ့ပါတယ်။ ဒါဟာ ရက်ရှ်ဖို့ဒ်ရဲ့ အရေးပါမှုကို ပြသလိုက်သလိုပါပဲလို့ မော်ရင်ဟိုက ပြောကြားခဲ့ဖူးပါတယ်။
4 years Ago
Up