ရက်ရှ်ဖို့ဒ်ကို ဥရောပ အကောင်းဆုံးလူငယ်ကစားသမားဖြစ်ဟု ဖီးလ်နဗီး ပြော

September 22, 2017

ရက်ရှ်ဖို့ဒ်ကို ဥရောပ အကောင်းဆုံးလူငယ်ကစားသမားဖြစ်ဟု ဖီးလ်နဗီး ပြော

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အမ်ဘာပေ၊ ဒမ်ဘီလီတို့လို ကစားသမားတွေထက် ပိုကောင်းတဲ့ကစားသမား ဖြစ်တယ်လို့ မန်ယူနဲ့ အဲဗာတန် ကစားသမားဟောင်း ဖီးလ်နဗီးလ်က သုံးသပ်လိုက်ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေနဲ့ ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီတို့ဟာ ပြောင်းရွှေ့ကြေး အများအပြားနဲ့ ထိပ်တန်းအသင်းတွေဆီ ပြောင်းရွှေ့ခဲ့ကြတာပါ။ ရက်ရှ်ဖို့ဒ်ဟာလည်း ပေါင်သန်း ၁၀၀ နဲ့ ၁၅၀ လောက် တန်ကြေးရှိတဲ့ ကစားသမားဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမားဖြစ်တယ်လို့ ဖီးလ်နဗီးလ်က ဆိုပါတယ်။ အမ်ဘာပေနဲ့ ဒမ်ဘီလီတို့ကို လူတိုင်းက ချီးကျူးနေပေမယ့် ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး အင်္ဂလန်မှာ ချီးကျူးပြောဆိုတာ မရှိဘူးလို့လည်း ဖီးလ်နဗီးလ်က ဆိုပါတယ်။ အသက် ၁၉ နှစ်ရှိ မန်ယူ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒီနှစ်ရာသီ ၈ ပွဲကစားခဲ့ရာမှာ ၅ ဂိုးသွင်းပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
4 years Ago
Up