One Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းနဲ့ ထိုးသတ်မယ့်သူ ထွက်ပေါ်လာခဲ့ပါတယ်။
အောင်လအန်ဆန်းအနေနဲ့ ချန်ပီယံကာကွယ်ပွဲအဖြစ် ဇွန် ၂၉ ရက်နေ့မှာ ဘရာဇီးဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံဆု ၅ ကြိမ်ရရှိထားတဲ့ လီအန်ဒရိုအတိုင်ဒီးစ် နဲ့ ထိုးသတ်ရမှာဖြစ်ပါတယ်။
အတိုင်းဒီးစ်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပခဲ့တဲ့ ONE: GRIT AND GLORY ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်း ဘစ်ဒက်ရှ်ကို ၃ ချီမြောက်မှာတင် အလဲထိုး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အောင်လကတော့ ပွဲတွေမစခင်က ဘစ်ဒက်ရှ်နဲ့ ပြန်လည်ထိုးသတ်ရနိုင်တယ်လို့ ထင်ခဲ့မိပေမယ့် အခုအချိန်မှာတော့ ဘရာဇီးလ်နိုင်ငံသားနဲ့ ထိုးသတ်ရတော့မှာဖြစ်ပါတယ်။
အောင်လက အတိုင်းဒီးစ်ရော၊ သူရောဟာ လက်သီထိုးချက်၊ ကန်ချက်၊ ချုပ်ကွက်နဲ့အတူ အဆုံးသတ်နိုင်သူတွေဖြစ်လို့ လာမယ့်ပွဲစဉ်ဟာ စိတ်လှုပ်ရှားဖို့ ကောင်းနေတယ်လို့ ရေးသားထားပါတယ်။
လာမယ့် ပွဲစဉ်ကို ဘယ်သူတွေ လာကြမလဲ၊ သူ့အနေနဲ့ကတော့ အကောင်းဆုံးကိုယ်စားပြုပြီး တတ်နိုင်သမျှ အကောင်းဆုံး ထိုးသတ်သွားမယ်လို့လည်း ဆိုပါတယ်။
အတိုင်းဒီးစ်ဟာ ဘစ်ဒက်ရှ်ကို အလဲထိုးအနိုင်ရရှိထားသူဖြစ်လို့ အခုလာမယ့်ပွဲစဉ်ဟာ အောင်လအတွက် ခက်ခဲတဲ့ ချန်ပီယံကာကွယ်ပွဲတခုဖြစ်လာနိုင်ပါတယ်။
အာရုံစူးစိုက်မှု စိတ်ပိုင်းဖြတ်မဥတွေနဲ့ ပြိုင်ပွဲတွေကို အရင်ထက်ပိုပြီး ဆာလောင်နေတယ်လို့ ရေးသားပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။
5 years Ago