ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကန်တေနဲ့ ယော်ဂျင်ဟိုတို့ကို ရောင်းချသွားဖို့ ရှိနေပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အေဂျက်ဇ် တိုက်စစ်မှူးဇီယက်ဇ်ကို ခေါ်ယူထားသလို လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကိုလည်း ခေါ်ယူဖို့ သဘောတူညီမှုရထားပြီး စုစုပေါင်း ပေါင်သန်း ၉၀ ခန့် ငွေကြေး အသုံးပြုခဲ့ရတာပါ။
ဒါကြောင့် ကန်တေနဲ့ ယော်ဂျင်ဟိုတို့ကို ရောင်းချပြီး သူတို့ရဲ့နေရာမှာ လူငယ် ကစားသမားတွေဖြစ်တဲ့ ဂီလ်မောနဲ့ လော့တပ်ချိခ်တို့ကို နေရာပေးဖို့ နည်းပြလမ်းပတ်က စဉ်းစားထားတယ်လို့ The Sun မှာ ဖော်ပြထားပါတယ်။
ကန်တေကို ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုနေပြီး ယော်ဂျင်ဟိုကိုတော့ ဂျူဗင်တပ်စ်နည်းပြ ဆာရီက ပြန်လည်ခေါ်ယူလိုနေတာပါ။
တောင်ပံကစားသမားဖြစ်နေတဲ့ ဝီလီယံနဲ ပက်ဒရိုတို့ကိုလည်း ချဲလ်ဆီးအသင်းက ရောင်းချဖို့ရှိနေပြီး လီဗာကူဆင် ကစားသမား ခိုင်ဟာဗက်ဇ်နဲ့ ပြန်လည်အစားထိုးမယ်လို့ သိရပါတယ်။
9 months Ago