ယနေ့နံနက်ပိုင်း

January 25, 2019

ယနေ့နံနက်ပိုင်း မြို့ ၂ မြို့တွင် မြေငလျင်လှုပ်ခတ်

ဒီနေ့မနက်ပိုင်းက ဂန့်ဂေါမြို့နယ်နဲ့ ကလေးမြို့တို့မှာ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့၊ မနက် ၉ နာရီခွဲလောက်က ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၆၈ မိုင်လောက် ကွာဝေးတဲ့ ဂန့်ဂေါမြို့ရဲ့ အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၄၁ ဒီဂရီ၊ အနက် ၁၁၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။ ဒီနေ့မနက်အစောပိုင်း ၄ နာရီကျော်လောက်ကလည်းကလည်း စစ်တိုင်းတိုင်းဒေသကြီး ကလေးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် (၅) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၀၈ ဒီဂရီ၊ အနက်ကီလိုမီတာ ၄၀ ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။
2 years Ago
Up