ယနေ့ညယှဉ်ပြိုင်မည့် မန်စီးတီးနှင့်ပွဲတွင် ၃ ဂိုးအထိ သွင်းရန်လိုဟု မိုနာကိုနည်းပြ ပြော

March 15, 2017

ယနေ့ညယှဉ်ပြိုင်မည့် မန်စီးတီးနှင့်ပွဲတွင် ၃ ဂိုးအထိ သွင်းရန်လိုဟု မိုနာကိုနည်းပြ ပြော

မိုနာကိုအသင်းနည်းပြ လီယိုနပ် ဂျာဒင်က သူ့အသင်းအနေနဲ့ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုးအထိသွင်းနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။ မိုနာကိုအသင်းဟာ ဒီည ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာပါ။ ပထမအကျော့မှာ မန်စီးတီးက ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရထားပါတယ်။ မိုနာကိုနည်းပြကတော့ အသင်းအနေနဲ့ ၂ ဂိုးအထက်ရဖို့ ကြိုးစားပြီး သွင်းမှာပါ။ မန်စီးတီး ကစားသမားတွေက တယောက်ချင်းအစွမ်းနဲ့ အသင်းကို ဒုက္ခပေးနိုင်တယ်လို့လည်း ပြောပါတယ်။ ဒီပွဲမှာ ဘာတွေဖြစ်လာမလဲ မသိနိုင်ပေမယ့် ဂိုးတွေ အများကြီးရမယ်လို့တော့ မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။ မိုနာကိုအသင်းဟာ ဒီညပွဲမှာ ၂ ဂိုးပြတ်နဲ့နိုင်ပြီး ဂိုးပြန်မပေးရရင် ကွာတားအဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။
5 years Ago
Up