ယူ ၂၁ ဗီယက်နမ်ဖိတ်ခေါ်ဖလား တတိယလုပွဲတွင် မြန်မာက ထိုင်းကို ၄ ဂိုး ၂ ဂိုးဖြင့်နိုင်

December 22, 2017

ယူ ၂၁ ဗီယက်နမ်ဖိတ်ခေါ်ဖလား တတိယလုပွဲတွင် မြန်မာက ထိုင်းကို ၄ ဂိုး ၂ ဂိုးဖြင့်နိုင်

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ဗီယက်နမ်သတင်းစာဖလား ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ တတိယလုပွဲအဖြစ် ဒီနေ့ညနေက ယှဉ်ပြိုင်ရာ မြန်မာက ထိုင်းအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပွဲအစ ၂ မိနစ်မှာပဲ မြန်မာတိုက်စစ်မှူး ရွှေကိုက အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၂၂ မိနစ်မှာ ထိုင်းအသင်းက ချေပဂိုးပြန်သွင်းခဲ့ပေမယ့် ၃၅ မိနစ်မှာ မြန်မာအသင်းအတွက် ကျော်မြင့်ဝင်းက ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ မြန်မာက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်သင်း အပြန်အလှန်ကစားခဲ့ကြပြီး ပွဲချိန် ၃၆ မိနစ်မှာ ထိုင်းအသင်းက ချေပဂိုးတဂိုး ပြန်သွင်းခဲ့ပေမယ့် ပွဲချိန် ၃၉ မိနစ်နဲ့ မိနစ် ၄၀ တွေမှာ မြန်မာက နှစ်ဂိုးဆက်သွင်းပြီး ပွဲအပြီးမှာ မြန်မာက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး တတိယနေရာ ရခဲ့တာ ဖြစ်ပါတယ်။ ဒီဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း၊ ဗီယက်နမ် ယူ-၂၁ အသင်း၊ ဗီယက်နမ် ယူ-၁၉ အသင်း၊ ထိုင်း ယူ-၂၁ အသင်းနဲ့ ယိုကိုဟားမားအသင်း ငါးသင်းပါဝင်ပြီး အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားတာဖြစ်ပြီး အုပ်စုတွင်း ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း မြန်မာအသင်းကပဲ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါသေးတယ်။ အုပ်စုဗိုလ်ဖြစ်တဲ့ ယိုကိုဟားမားအသင်းနဲ့ အုပ်စုဒုတိယနေရာက ဗီယက်နမ် ယူ-၂၁ အသင်းတို့ကတော့ ဒီကနေ့မှာပဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
4 years Ago
Up