ယူ ၂၀ ကမ္ဘာ့ဖလား

June 17, 2015

ယူ ၂၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဘရာဇီးနှင့်ဆားဘီးယား တွေ့ဆုံ

နယူးဇီလန်မှာ ကျင်းပနေတဲ့ ယူ ၂၀ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဘရာဇီးအသင်းနဲ့ ဆားဘီးယားအသင်းတို့ ဇွန် ၂၀ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူ ၂၀ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ဘရာဇီးနဲ့ ဆီနီဂေါတို့ ဇွန် ၁၇ ရက်က ယှဉ်ပြိုင်ကစားရာ ဘရာဇီးက ၅-၀ ဂိုးနဲ့နိုင်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ပထမပိုင်း ပွဲစပြီး ၅ မိနစ်မှာပဲ ဆီနီဂေါ ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ဘရာဇီး အဖွင့်ဂိုး ရသွားခဲ့ပါတယ်။ အဲဒီနောက် ဘရာဇီးအသင်းကပဲ ပထမပိုင်းမှာ နောက်ထပ် ၃ ဂိုး၊ ဒုတိယပိုင်းမှာ ၁ ဂိုး ထပ်သွင်းပြီး ၅-၀ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။ ပွဲချိန် ၄၄ မိနစ်မှာ ဆီနီဂေါ ကစားသမားတဦး အထုတ်ခံရလို့ ကျန်တဲ့ပွဲချိန်ကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဆားဘီးယားနဲ့ မာလီတို့ ပွဲမှာတော့ သာမန်ပွဲကစားချိန် မိနစ် ၉၀ အထိ ၁ ဂိုးစီသရေကျနေလို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာ ဆားဘီးယားက အချိန်ပို ပထမပိုင်း ၁၁ မိနစ်မှာပဲ ၁ ဂိုးထပ်သွင်းလို့ ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပါတယ်။ ဓာတ်ပုံ - ဖီဖာ Brazil-Senegal U20-Fifa03 Mali-Serbia U20-Fifa01
6 years Ago
Up