ယူ-၂၀ကမ္ဘာ့ဖလား

June 8, 2015

အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဂျာမနီနှင့် နော်ဝေ ဂိုးပြတ်နိုင်

ကနေဒါမှာ ဇွန် ၈ ရက်က ဆက်လက်ကျင်းပတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု ဘီ ပွဲစဉ်တွေမှာ နော်ဝေက ထိုင်းအသင်းကို ၄-၀ ဂိုး၊ ဂျာမနီက အိုင်ဗရီကို့စ်ကို ၁၀-၀ ဂိုးနဲ့ အသီးသီး ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ ဒီပြိုင်ပွဲမှာ အရှေ့တောင်အာရှက ထိုင်းအမျိုးသမီးတသင်းတည်း ၀င်ပြိုင်ခွင့်ရတာဖြစ်ပြီး ထိုင်းအသင်းဟာ ခြေစစ်ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းကို အနိုင်ယူပြီး ခြေစစ်ပွဲ အောင်သွားခဲ့တာပါ။ လာမယ့် ဇွန်လ ၉ ရက်နေ့မှာတော့ အုပ်စု စီက ကင်မရွမ်းနဲ့ အီကွေဒေါ၊ ဂျပန်နဲ့ ဆွစ်ဇာလန်၊ အုပ်စု ဒီက ဆွီဒင်နဲ့ နိုင်ဂျီးရီးယား၊ အမေရိကန်နဲ့ သြစတြေးလျတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ hi-res-2b8bffab2930e10c4219b9982a70f073_crop_exact hi-res-401d57ae3e57e5dd958ffd526f61da43_crop_exact hi-res-785a6248a3eb320848b40222c5be211e_crop_north hi-res-12158cf9d07157da4c903f1ba732b16d_crop_exact
6 years Ago

June 2, 2015

အမေရိကန် ယူ-၂၀ နယူးဇီလန်ကို ၄ ဂိုး ဂိုးမရှိဖြင့်နိုင်

နယူးဇီလန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားနေတဲ့ ယူ ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မြန်မာအသင်းပါဝင်တဲ့ အုပ်စု (က) က အမေရိကန်နဲ့ နယူးဇီလန်တို့ပွဲမှာ အမေရိကန်က ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အမေရိကန်အတွက် ဂိုးတွေကို ပထမပိုင်း ၆ မိနစ်မှာ ရှုဘင်၊ ၃၃ မိနစ်မှာ ဟိုင်မန်တို့က သွင်းယူသွားခဲ့ပြီး ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာပါ။ ဒုတိယပိုင်း ၅၈ မိနစ်မှာ အာရီအိုလာနဲ့ ၈၃ မိနစ်မှာ ရှုဘင်တို့က သွင်းယူပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ၂ သင်းစလုံး ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းနဲ့ ဆတူရှိခဲ့သလို အမေရိကန်က ဂိုးသွင်းဖို့ ကြိုးစားတဲ့အကြိမ် ၃၀ ရှိခဲ့ပြီး နယူးဇီလန်က ၁၁ ကြိမ်သာ ရှိခဲ့ပါတယ်။ အမေရိကန်ရဲ့ ဒီပွဲအနိုင်ကြောင့် အုပ်စု ဒုတိယအဆင့် တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။ နယူးဇီလန်ကတော့ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဇွန် ၅ ရက်နေ့ မြန်မာနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ဖီဖာ [gallery ids="95645,95646,95647,95648"]
6 years Ago
Up