ယူ ၁၉ လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပွဲ မန္တလေးတွင် ကျင်းပမည်

A d v e r t i s e m e n t With Us

August 9, 2016

ယူ ၁၉ လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပွဲ မန္တလေးတွင် ကျင်းပမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ယူ ၁၉ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမှာ ထိုင်း ယူ ၁၉၊ ဗီယက်နမ် ယူ ၁၉ နဲ့ ဂျပန်ကလပ် ဆာပေါ်ရို ယူ ၁၈ အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) က သတင်းထုတ်ပြန်ပါတယ်။ ယူ ၁၉ ဖိတ်ခေါ်ပြိုင်ပွဲကို လာမယ့် သြဂုတ် ၂၂ ရက်ကနေ ၂၈ ရက်အထိ မန္တလေးမြို့မှာရှိတဲ့ မန္တလာသီရိကွင်းမှာ လက်ခံကျင်းပမှာဖြစ်ပြီး ပွဲစဉ်ဇယားနဲ့ ကွင်းဝင်ကြေးတွေကို ဆက်လက်ထုတ်ပြန်ပေးမယ်လို့လည်း ဆိုပါတယ်။ လေးနိုင်ငံ ယူ ၁၉ ဖိတ်ခေါ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့အသင်းကို အမေရိကန်ဒေါ်လာ ၁၅၀၀၀၊ ဒုတိယရအသင်းကို အမေရိကန်ဒေါ်လာ ၁၀၀၀၀၊ တတိယရအသင်းကို အမေရိကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်ပေးသွားမှာပါ။ မြန်မာယူ ၁၉ အသင်းဟာ လာမယ့် စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ယူ ၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲကနေ အတွေ့အကြုံတွေ ရရှိမယ်လို့ အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
5 years Ago
Up