ယူ ၁၉ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာ ယူ ၁၉ အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၂ ရက်မှာ ဂျပန်ကလပ် ဆက်ပိုရို ယူ ၁၈ အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မန္တလေးမြို့ရှိ မန္တလာသီရိကွင်းမှာ ကျင်းပမယ့် လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကို လာမယ့် သြဂုတ် ၂၂ ရက်ကနေ ၂၈ ရက်အထိ ကျင်းပသွားမှာပါ။
မြန်မာ ယူ ၁၉ အသင်းဟာ သြဂုတ် ၂၄ မှာ ဗီယက်နမ်၊ သြဂုတ် ၂၆ မှာ ထိုင်းအသင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အုပ်စုပတ်လည်ကစားအပြီးမှာ ထိပ်ဆုံးနှစ်သင်းက ဗိုလ်လုပွဲ၊ အုပ်စုအောက်ဆုံး နှစ်သင်းက တတိယလုပွဲ ကစားကြရမှာဖြစ်ပြီး သြဂုတ် ၂၈ ရက်မှာ ယှဉ်ပြိုင်ကြရမှာပါ။
ချန်ပ်ီယံဖြစ်တဲ့အသင်းကို အမေရိကန်ဒေါ်လာ ၁ သောင်းခွဲ၊ ဒုတိယရအသင်း အသင်းကို ဒေါ်လာ ၁ သောင်းနဲ့ တတိယရတဲ့အသင်းကို ဒေါ်လာ ၅ ထောင် ချီးမြှင့်မှာ ဖြစ်ပါတယ်။
မြန်မာ ယူ ၁၉ အသင်းဟာ လာမယ့်စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ယူ ၁၉ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ယှဉ်ပြိုင်ကစားတာ ဖြစ်ပါတယ်။
5 years Ago