ယူ-၁၉

July 24, 2018

အင်္ဂလန် ယူ-၁၉ ပြင်သစ်ကို ဂိုးပြတ်ရှုံးနိမ့်

အင်္ဂလန် ယူ-၁၉ အသင်းဟာ ပြင်သစ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ဥရောပ ယူ ၁၉ ပြိုင်ပွဲအုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ လက်ရှိချန်ပီယံ အင်္ဂလန်ယူ ၁၉ အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ပြင်သစ်ကို သရေကစားနိုင်ရင်ပဲ ဆီမီးဖိုင်နယ်တက်ရောက်မှာ ဖြစ်ပေမယ့် ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ အင်္ဂလန်အသင်းဟာ အဖွင့်ပွဲစဉ်မှာ တူရကီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ယူကရိန်းနဲ့ တဖက် ၁ ဂိုးစီ သရေရလဒ်ရခဲ့ပါတယ်။ ဥရောပ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်း ၈ သင်းကပဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ ဆီမီးဖိုင်နယ် ပွဲစဉ်တွေအဖြစ် ဇူလိုင် ၂၆ ရက်မှာ အီတလီနဲ့ ပြင်သစ်၊ ယူကရိန်းနဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင်ကစားရမှာပါ။ ဒီပြိုင်ပွဲဟာ ၂၀၁၉ ယူ ၂၀ ကမ္ဘာ့ဖလားအတွက် ဥရောပဇုန် ခြေစစ်ပွဲအဖြစ်လည်း သတ်မှတ်ထားပြီး ဆီမီးဖိုင်နယ်တက်ရောက်တဲ့ လေးသင်းက တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ လက်ကျန်တနေရာအတွက် အင်္ဂလန်နဲ့နော်ဝေတို့ ပလေးအော့ဖ်ကစားပြီး အနိုင်ရတဲ့အသင်းက ခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။
3 years Ago
Up