ယူ-၁၈

August 28, 2019

မြန်မာ ယူ-၁၈ အသင်း တရုတ် တိုင်ပေတွင် ကျင်းပမည့် ၄ နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ပြိုင်မည်

မြန်မာ ယူ-၁၈ လူငယ်ဘောလုံးအသင်းဟာ တရုတ် တိုင်ပေနိုင်ငံမှာ ကျင်းပမယ့် လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကို လာမယ့် စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၁ ရက်အထိ  တရုတ်(တိုင်ပေ)၊ Kaohsiung မြို့ရှိ အမျိုးသာအားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး မြန်မာ ယူ-၁၈ အသင်း အပါအဝင် အိမ်ရှင် တရုတ် တိုင်ပေ ယူ-၁၈၊ ဟောင်ကောင် ယူ-၁၈ နဲ့ ဥရောပတိုက်က ဂျီဘရော်တာ ယူ-၁၈ အသင်းတို့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။  ပွဲစဉ်ဇယားအရ မြန်မာ ယူ-၁၈ အသင်းက တရုတ် တိုင်ပေနဲ့ စက်တင်ဘာ ၂၈ ရက်မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်မှာ ဂျီဘရော်တာ၊ အောက်တိုဘာ ၁ ရက်မှာ ဟောင်ကောင် လူငယ်အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာလူငယ်အသင်းဟာ တရုတ် တိုင်ပေ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားချက်အရ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှ ယူ-၁၉ ခြေစစ်ပွဲအကြို အတွေ့အကြုံ ရရှိစေဖို့ ဝင်ပြိုင်တာလည်း ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ျမန္မာ ယူ-၁၈ အသင္း တ႐ုတ္ တိုင္ေပတြင္ က်င္းပမည့္ ၄ ႏိုင္ငံ ဖိတ္ေခၚၿပိဳင္ပြဲ ဝင္ၿပိဳင္မည္ ျမန္မာ ယူ-၁၈ လူငယ္ေဘာလုံးအသင္းဟာ တ႐ုတ္တိုင္ေပႏိုင္ငံမွာ က်င္းပမယ့္ ေလးႏိုင္ငံ ဖိတ္ေခၚဖလားၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ အဲဒီၿပိဳင္ပြဲကို လာမယ့္ စက္တင္ဘာ ၂၈ ရက္ကေန ေအာက္တိုဘာ ၁ ရက္အထိ  တ႐ုတ္(တိုင္ေပ)၊ Kaohsiung ၿမိဳ႕ရွိ အမ်ိဳးသာအားကစားကြင္းမွာ က်င္းပမွာျဖစ္ၿပီး ျမန္မာ ယူ-၁၈ အသင္း အပါအဝင္ အိမ္ရွင္ တ႐ုတ္ တိုင္ေပ ယူ-၁၈၊ ေဟာင္ေကာင္ ယူ-၁၈ နဲ႔ ဥေရာပတိုက္က ဂ်ီဘေရာ္တာ ယူ-၁၈ အသင္းတို႔ ပါဝင္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ ပြဲစဥ္ဇယားအရ ျမန္မာ ယူ-၁၈ အသင္းက တ႐ုတ္ တိုင္ေပနဲ႔ စက္တင္ဘာ ၂၈ ရက္မွာ စတင္ယွဥ္ၿပိဳင္ရမွာ ျဖစ္ၿပီး စက္တင္ဘာ ၃၀ ရက္မွာ ဂ်ီဘေရာ္တာ၊ ေအာက္တိုဘာ ၁ ရက္မွာ ေဟာင္ေကာင္ လူငယ္အသင္းေတြနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ျမန္မာလူငယ္အသင္းဟာ တ႐ုတ္ တိုင္ေပ ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ဖိတ္ၾကားခ်က္အရ ဝင္ၿပိဳင္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ အာရွ ယူ-၁၉ ေျခစစ္ပြဲအႀကိဳ အေတြ႕အႀကဳံ ရရွိေစဖို႔ ဝင္ၿပိဳင္တာလည္း ျဖစ္ပါတယ္။
2 years Ago
Up