ယူ ၁၆

July 22, 2015

ယူ ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာအသင်း ဇူလိုင် ၂၅ ကမ္ဘောဒီးယားကို ထွက်ခွာမည်

၂၀၁၅ ခုနှစ်ရဲ့ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ ၁၆ အသင်းဟာ ပြိုင်ပွဲ လက်ခံကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်းမြို့တော်ကို ဇူလိုင် ၂၅ ရက်နေ့ ထွက်ခွာမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အုပ်စု ၂ ခု ပါဝင်ပြီး အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေအပြီး အုပ်စုတခုစီက ပထမနဲ့ ဒုတိယအသင်းတွေက အကြိုဗိုလ်လုပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ မြန်မာ ယူ ၁၆ အသင်းက အုပ်စု (ခ) မှာ အိမ်ရှင် ကမ္ဘောဒီးယား၊ သြစတြေးလျ၊ စင်ကာပူ၊ ဖိလစ်ပိုင် အသင်းတွေနဲ့ အတူ ကျရောက်နေပါတယ်။ အုပ်စု (က) မှာတော့ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ အရှေ့တီမော၊ ဘရူနိုင်း၊ ထိုင်း အသင်းတွေ ယှဉ်ပြိုင်ကြရမှာပါ။ ဒီပွဲစဉ်တွေကို ဖနွမ်ပင်းမြို့ တပ်အားကစားကွင်း (Army Stadium) နဲ့ အိုလံပစ် အားကစားကွင်းတွေမှာ လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြန်မာ ယူ ၁၆ အသင်းဟာ အုပ်စု အဖွင့်ပွဲစဉ်အဖြစ် စင်ကာပူ ယူ ၁၆ အသင်းနဲ့ ဇူလိုင် ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ အိုလံပစ်အားကစားကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago
Up