ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ မနေ့ကကန်သွားတဲ့ ယူ-၁၅ လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ မြန်မာလူငယ်အသင်းက အင်ဒိုနီးရှားလူငယ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
ဗီယက်နမ်နဲ့ တရုတ်တိုင်ပေတို့ ပွဲစဉ်မှာတော့ ဗီယက်နမ်က တရုတ်တိုင်ပေကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြန်မာလူငယ်အသင်းဟာ ဇွန်လ ၁၆ ရက်နေ့မှာ တရုတ်တိုင်ပေအသင်း၊ ဇွန် ၁၈ ရက်မှာ အိမ်ရှင် ဗီယက်နမ်အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ပတ်လည်အမှတ်ပေးစနစ်နဲ့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အမှတ်အများဆုံး ရရှိတဲ့ အသင်းက ချန်ပီယံဆု ရရှိမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - Vietnam Football
4 years Ago