ယူ ၁၄ မြန်မာအမျိုးသမီး ထိုင်းကို ၇ ဂိုး ၁ ဂိုးဖြင့် ရှုံး

June 29, 2015

မြန်မာအမျိုးသမီး ယူ ၁၄ မလေးရှားကို ဂိုးပြတ်နိုင်ပြီး တတိယဆုရ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ဇွန် ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာရှဒေသတွင်း အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ (အာဆီယံဇုန်) တတိယနေရာလုပွဲမှာ မြန်မာအမျိးသမီးအသင်းက မလေးရှားကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို မြတ်နိုးခင်နဲ့ မေဖူးကိုတို့က ၂ ဂိုးစီနဲ့ စန်းသော်တာ၊ ၀င်းစန္ဒာထွန်းတို့က အသီးသီး သွင်းယူပေးပါတယ်။ မြန်မာယူ ၁၄ အသင်းဟာ တတိယဆုအပြင် ပြိုင်ပွဲရဲ့  အသန့်ရှင်းဆုံး အသင်းဆုကိုလည်း ရရှိသွားပါတယ်။ ဗိုလ်လုပွဲမှာတော့ ဗီယက်နမ် ယူ ၁၄ အမျိုးသမီးအသင်းက ထိုင်းယူ ၁၄ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး  ချန်ပီယံဖြစ်သွားပါတယ်။ အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ ၂၀၁၅ (အာဆီယံဇုန်) ကို ဇွန် ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
6 years Ago

June 28, 2015

အမျိုးသမီး ယူ-၁၄ အကြိုဗိုလ်လုပွဲ မြန်မာက ဗီယက်နမ်ကို ရှုံးနိမ့်

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဇွန် ၂၇ ရက်နေ့က ကစားခဲ့တဲ့ အာရှဒေသတွင်း အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ (အာဆီယံဇုန်) အကြို ဗိုလ်လုပွဲမှာ ဗီယက်နမ်က မြန်မာကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရသွားပါတယ်။ သာမန် ကစားချိန်အတွင်းနဲ့ အချိန်ပိုမှာ ၁ ဂိုး စီ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဗီယက်နမ်က မြန်မာကို ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရသွားတာပါ။ တဖက်မှာ ယှဉ်ပြိုင်တဲ့ အကြိုဗိုလ်လုပွဲမှာတော့ ထိုင်းက မလေးရှားကို ၆ ဂိုး ၁ ဂိုနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဇွန် ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲမှာ ထိုင်းနဲ့ ဗီယက်နမ်၊ တတိယနေရာ လုပွဲမှာ မြန်မာနဲ့ မလေးရှားတို့ ယှဉ်ပြိုင်ရမှာပါ။ အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ ၂၀၁၅ (အာဆီယံဇုန်) ကို ဇွန်လ ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
6 years Ago
Up