ယူရို ၂၀၁၆ ပြင်သစ် ကိုယ်စားပြု ဘန်ဇီမာ ကစားခွင့်ရ

A d v e r t i s e m e n t With Us

March 12, 2016

ယူရို ၂၀၁၆ ပြင်သစ် ကိုယ်စားပြု ဘန်ဇီမာ ကစားခွင့်ရ

ဥပဒေကြောင်းအရ တားမြစ်ချက်တွေကို ပယ်ဖျက်ပေးလိုက်တဲ့ အတွက် တိုက်စစ်မှူး ဘန်ဇီမာက ယူရို ၂၀၁၆ မှာ ပြင်သစ်အသင်းကို ကိုယ်စားပြုပြီး ကစားခွင့်ရရှိပြီဖြစ်ပါတယ်။ ပြင်သစ် အသင်းဖော် မာသီယူ ဗာဘူနားဆီကနေ လိင်ပိုင်းဆိုင်ရာ ဗွီဒီယိုနဲ့ ခြိမ်းခြောက် အကျပ်ကိုင်မှုကြောင့် ပြင်သစ်တရားသူကြီးတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ဘန်ဇီမာက ရင်ဆိုင်နေရပါ တယ်။ စွပ်စွဲထားချက်နဲ့ပတ်သက်ပြီး စုံစမ်းမှုကို မဖြေရှင်းနိုင်သရွေ့ ပြင်သစ် လက်ရွေးစင်အဖြစ်ကနေ ဒီဇင်ဘာလက စပြီး ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ တရားရုံးက စုံစမ်းမှုတွေ မပြီးသေးသရွေ့ တားမြစ်ချက်က သက်ရောက်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားရုံးက တချို့သော တားမြစ်ချက်တွေကို ပယ်ဖျက်ပေးလိုက်လို့ ပြင်သစ်အသင်း ကိုယ်စားပြုပြီး ကစားနိုင်မှာ ဖြစ်ပါတယ်။ ဘန်ဇီမာရှေ့နေကတော့ ဒါဟာ ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် အပြစ်ရှိမယ်ဆိုရင်တော့ ဘန်ဇီမားက ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။
5 years Ago
Up