ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ

January 23, 2016

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ဂိုးစည်းလိုင်း နည်းပညာကို အသုံးပြုမည်

လာမယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ဂိုးစည်းလိုင်း နည်းပညာကို အသုံးပြုသွားမယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက အတည်ပြု လိုက်ပါတယ်။ ဒါ့အပြင် လာမယ့်နှစ် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲတွေမှာပါ အသုံးပြုမယ်လို့ ကြေညာထားပါတယ်။ ဂိုးစည်းလိုင်း နည်းပညာကို သုံးဖို့ သောကြာနေ့မှာ ဥရောပဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်မှုအဖွဲ့က မဲခွဲဆုံးဖြတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာလည်း ဂျာမဏီက တီထွင်ထားတဲ့ ဂိုးစည်းလိုင်း နည်းပညာကို စတင် အသုံးပြုခဲ့ပါတယ်။ ဥရောပလိဂ် ဘောလုံးပြိုင်ပွဲတွေမှာတော့ ဗြိတိန်ရဲ့ သိန်းငှက်မျက်လုံး ဂိုးစည်းလုံး နည်းပညာကို အသုံးပြု နိုင်ဖွယ် ရှိနေပါတယ်။
6 years Ago
Up