ယူရို ၂၀၁၆ အကြိုခြေစမ်းပွဲတွင် နာမည်ကြီး ဂျာမနီအသင်း ရှုံးနိမ့်

A d v e r t i s e m e n t With Us

May 30, 2016

ယူရို ၂၀၁၆ အကြိုခြေစမ်းပွဲ စပိန် (၃-၁) ဘော့စနီးယား(ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ အကြိုခြေစမ်းပွဲအဖြစ် လက်ရှိယူရိုချန်ပီယံ စပိန်အသင်းနဲ့ ဘော့စနီးယားဟာဇီဂိုးဗီးနား အသင်းတို့ မေလ ၂၉ ရက်ညက  ဆွစ်ဇာလန်မှာ ယှဉ်ပြိုင်ရာ စပိန်က အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။ ပထမပိုင်းမှာ စပိန်အသင်းအတွက်  တိုက်စစ်မှူးနိုလီတိုက ပွဲချိန် ၁၁ မိနစ်နဲ့ ၁၈ မိနစ်တွေမှာ  ၂ ဂိုးဆက်တိုက်သွင်းပေးခဲ့ပြီး ဘော့စနီးယားအသင်းက အီမီရာစဖာဟစ်က ပထမပိုင်း မိနစ် ၃၀လောက်မှာ ချေပဂိုး တဂိုးပြန်သွင်းယူလိုက်နိုင်ပါတယ်။ ဒုတိယ ပိုင်းမှာ နှစ်ဖက်အပြန်အလှန်ထိုး ဖောက်ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ပဲ ပွဲပြီးခါနီး နာကျင်အချိန်ပိုကျမှ စပိန်အတွက် တတိယမြောက်ဂိုးနဲ့ နောက်ဆုံးအပိတ်ဂိုးကို ပက်ဒရိုက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ပြီးခဲ့တဲ့ရက်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့ကြတဲ့ စပိန်ထိပ်သီးကလပ် ရီးရဲလ်နဲ့ အက်သလက်တီကိုအသင်းတွေမှာပါတဲ့ စပိန်လက်ရွေးစင်ကစားသမားတွေပါဝင်ကစားနိုင်ခြင်းမရှိဘဲ မန်စီးတီးက ဆေးဗား၊ ချယ်ဆီးက ဖာဘရီဂတ်နဲ့ ပက်ဒရို ၊ အာဆင်နယ်က ဘယ်လာရင်စသူတို့ ပွဲထွက်ကစားသွားကြပါတယ်။ ဒီပွဲမှာ ဆယ်တာဒီဗီဂိုအသင်းက ဘယ်တောင်ပံနဲ့ရှေ့တန်းကစားသမား နိုလီတာ (ခေါ်) မန်နူရယ်အဂူဒိုရန် ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ရှေ့လ ပြင်သစ်မှာကျင်းပမယ့် ၂၀၁၆ ယူရိုပြိုင်ပွဲအတွက်  နည်းပြဒေဲလ်ဘော့စကေးကရွေးချယ်မယ့် ဆန်ကာတင် ကစားသမား ၂၃ ဦးစာရင်းမှာ ပါလာဖွယ်ရှိနေပါတယ်။
5 years Ago

ယူရို ၂၀၁၆ အကြိုခြေစမ်းပွဲတွင် နာမည်ကြီး ဂျာမနီအသင်း ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ အကြိုခြေစမ်းပွဲအဖြစ် ဂျာမနီနဲ့ ဆလိုဗက်ကီးယားအသင်းတို့ မေလ ၂၉ ရက်ညက ယှဉ်ပြိုင်ရာ ဆလိုဗက်ကီးယား အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီဟာ အခုအထိ လေးပွဲကစားခဲ့ရာမှာ သုံးပွဲရှုံးထားပါတယ်။ ပွဲအပြီးမှာ ဂျာမနီနည်းပြ ဂျိုအာချင်လိုက သူ့အသင်းရဲ့ ကစားပုံမှာ အချိတ်အဆက် မမိဘူးလို့ ၀န်ခံပါတယ်။ ဆလိုဗက်ကီးယားနဲ့ပွဲမှာ နည်းပြက အဓိက ကစားသမားတွေဖြစ်တဲ့ သောမတ်စ်မူလာ၊ မာကိုရူးစ်၊ ဂိုးသမား မန်နူရယ် နူအာတို့ကို ထုတ်မသုံးခဲ့ဘဲ လူငယ်ကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ဇူလိုင်လ ၄ ရက်နေ့ကျရင် ဟန်ဂေရီအသင်းနဲ့ ကစားဖို့ ရှိပါတယ်။ ယူရို ၂၀၁၆ မှာတော့ ဂျာမနီအသင်းဟာ အုပ်စု စီမှာ ယူကရိန်း၊ ပိုလန်၊ မြောက်အိုင်ယာလန်တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
5 years Ago
Up