ယူရို ၂၀၁၆

June 14, 2016

အိုင်ယာလန် ၁ - ၁ ဆွီဒင် (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ အုပ်စု အီး ပွဲစဉ်အဖြစ် ဆွီဒင်နဲ့ အိုင်ယာလန်တို့ ဇွန်လ ၁၃ ရက်ညက ယှဉ်ပြိုင်ရာ တဘက် တဂိုးစီ သရေကျသွားပါတယ်။ အိုင်ယာလန်အသင်းဟာ တပွဲလုံး အပေါ်စီးရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေ ကျခဲ့ပါတယ်။ ဒုတိယပိုင်းပွဲစပြီး ၂ မိနစ်ကျော်မှာတော့ အိုင်ယာလန် အလယ်တန်းလူ ဟိုလာဟန် (Hoolahan) က အမှတ်မထင် ကန်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ ပွဲချိန် ၇၁ မိနစ်မှာ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျ အိုင်ယာလန်ဂိုးရှေ့ ဖြတ်တင်တဲ့ဘောလုံးကို အိုင်ယာလန် ဗဟိုနောက်တန်းကစားသမား စီယာရန် ကလာ့ခ် (Ciaran Clark) ခေါင်းတိုက်ဖျက်ထုတ်ရာက ဂိုးထဲဝင်သွားလို့ ဆွီဒင် ချေပဂိုးရရှိခဲ့ပြီး ပွဲအပြီးမှာ တဂိုးစီ သရေကျသွားတာ ဖြစ်ပါတယ်။ အုပ်စု အီးမှာ တပွဲစီ ကစားပြီးချိန်မှာတော့ အီတလီက ၃ မှတ်နဲ့ အုပ်စုပထမ၊ ဆွီဒင်နဲ့ အိုင်ယာလန်တို့က ရမှတ် တမှတ်စီနဲ့ အုပ်စု ဒုတိယနဲ့ တတိယ၊ ဘယ်လ်ဂျီယံကတော့ အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
5 years Ago

July 24, 2015

ကွင်းအတွင်းမှ စကြာတံဆိပ်ကြောင့် ခရိုအေးရှားအသင်း အမှတ်နုတ်ခံရ

၂၀၁၆ ယူရို ခြေစစ်ပွဲ အုပ်စု ဇ က အီတလီနဲ့ ပွဲမကစားခင် ကွင်းအတွင်းမှာ နာဇီ စကြာတံဆိပ်ကို ခြယ်ထားတဲ့အတွက် ခရိုအေးရှားအသင်း ၁ မှတ် အနုတ်ခံရပါတယ်။ ဒါ့အပြင် ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်က ပေါင် ၇ သောင်း ဒဏ်ငွေဆောင်ရမှာ ဖြစ်သလို လာမယ့် ၂ ပွဲကိုလည်း ပရိသတ်မပါဘဲ ကစားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အဖျက်အမှောင့်လုပ်ရပ်ဖြစ်ပြီး အယူခံဝင်နိုင်တယ်လို့ ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ အမှတ်တမှတ် အနုတ်ခံရပေမယ့် ခရိုအေးရှား အသင်းက အုပ်စု ဇ မှာ ဦးဆောင်နေပါတယ်။ ၂၀၁၆ ပြင်သစ်မှာ ကစားမယ့် ဥရောပဖလား ဘောလုံးပြိုင်ပွဲအတွက် အုပ်စု တခုစီက ထိပ်ဆုံးအသင်း ၂ သင်း ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
6 years Ago
Up