ယူရို၂၀၁၆ မိတ်ဆက်- စီရော်နယ်ဒိုခေါင်းဆောင်သည့် ပေါ်တူဂီအသင်း

A d v e r t i s e m e n t With Us

May 29, 2016

ယူရို၂၀၁၆ မိတ်ဆက်- စီရော်နယ်ဒိုခေါင်းဆောင်သည့် ပေါ်တူဂီအသင်း

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတဦးဖြစ်တဲ့ ရီးရဲလ်ကြယ်ပွင့် စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ အုပ်စု (F)မှာ အိုက်စလန်၊  ဟန်ဂေရီ၊  သြစတြီးယားတို့နဲ အတူတူတအုပ်စုတည်း ကျရောက်နေပြီး အုပ်စုအတော်လေးချောင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ခြေစစ်ပွဲအဆင့်မှာတုန်းက အယ်ဘေးနီးယာ၊ ဒိန်းမတ်၊ ဆားဘီးယား၊ အာမေးနီးယား တို့နဲ့ တစ်အုပ်စုတည်း ကျခဲ့ပြီး အုပ်စုပထမနဲ့ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခဲ့တာပါ။ ဒါပေမယ့် ခြေစစ်ပွဲစဉ်တွေမှာ စီရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်ဟာ သွင်းဂိုးနည်းခဲ့ပြီး တိုက်စစ်ပိုင်းက အားရစရာ မရှိခဲ့ပါဘူး။ ပေါ်တူဂီ အသင်းဟာ ရော်နယ်ဒိုလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားပေမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆုဖလား ရယူနိုင်ခြင်း မရှိသေးပါဘူး။ ဒီပြိုင်ပွဲဟာ ရော်နယ်ဒိုရဲ့ နောက်ဆုံးယူရို ပြိုင်ပွဲ ဖြစ်နိုင်လို့ ရော်နယ်ဒို အနေနဲ့ ဖလားရယူဖို့ ဆန္ဒပြင်းပြနေမှာပါ။ ဒါ့အပြင် ကွင်းလယ်မှာ မော်တင်ညို နောက်တန်းမှာ ပီပီ နဲ့ မကြာသေးခင်က ဘိုင်ယန်အသင်းကခေါ်ယူခဲ့တဲ့ ရီနာတိုဆန်းချက်တို့ ပါဝင်မှာဖြစ်လို့ ပြိုင်ဘက်အသင်းတွေ အားနည်းတာကြောင့် အုပ်စုအဆင့်ကို  အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ။ နည်းပြနေရာမှာတော့ ၂၀၁၄ ကမ္ဘာ့ဖလား မှာ ဘရာဇီးလ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဖာနန်ဒို ဆန်းတို့စ်က ကိုင်တွယ်မှာပါ။ ဆန်းတို့စ်ဟာ ဂရိအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဒါကြောင့် ပေါ်တူဂီအသင်းဟာ လာမယ့် ယူရို ၂၀၁၆ မှာ လျော့ တွက်လို့ မရတဲ့ အသင်း အဖြစ်ရပ်တည်နေပါတယ်။ ရော်နယ်ဒိုဟာ ယူရို ပွဲပေါင်း ၁၄ ပွဲကစားကာ သွင်းဂိုး ၆ ဂိုး သွင်းယူထားပြီး ယူရိုပြိုင်ပွဲကြီးမှာ လေးကြိမ် မြောက်ဝင်ရောက်ကစားသွားမှာပါ။ သူဟာ ပေါ်တူဂီ အသင်းအတွက်တော့  ၁၂၅ပွဲ ကစားထားပြီး ၅၆ဂိုး အထိသွင်းယူပေးထားပါတယ်။ ပေါ်တူဂီအသင်းနဲ့ အတူ ပထမဆုံး ဖလားတစ်လုံး ရယူဖို့ ကြိုးစားလာမယ့် ရော်နယ်ဒိုဟာ ယူရို ၂၀၁၆ မှာတော့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ဘောလုံးသမား တစ်ဦးပါ။ ပေါ်တူဂီအသင်းဟာ  ၂၀၀၄ ခုနှစ်တုန်းက ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး နောက်ဆုံးဗိုလ်လုပွဲ အထိတက်ရောက်နိုင်ကာ ဖိုင်နယ်မှာ ဂရိကို ရှုံးပြီး ဒုတိယနဲ့ ကျေနပ်ခဲ့ရတာပါ။ ခုလက်ရှိခြေစွမ်းအရ ပေါ်တူဂီအသင်းအနေနဲ့ အုပ်စု တက်နိုင်မှာဖြစ်ပေမယ့် ရှုံးထွက် အဆင့်ကို ကျော်ပြီး ကွာတားဖိုင်နယ်နဲ့ ဆီးမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ဖို့ ရာခိုင်နှုန်းနည်းနေပါတယ်။ ပဏာမလူစာရင်း (အပြောင်းအလဲရှိနိုင်သည်) ဂိုး- ဘီတို(ဆီဗီလာ)၊ ပါထရီစီယို(စပို့တင်း)၊ လိုပက်ဇ်(လိုင်ယွန်)၊ အက်ဒရာဒို( ဒိုင်နမိုဇာဂရက်) နောက်တန်း- အဲလ်ဗက်စ်(ဖီနာဘာချီ)၊ ကာဗယ်ဟို(မိုနာကို)၊ ပီပီ(ရီးရဲလ်)၊ ဗာရင်ဟာ(၀ုဖ်ဘတ်)၊ အီလီဆူး(ဘင်ဖီကာ)၊ ကွန်ထရာအို(မိုနာကို)၊ နက်တို(ဇင်းနစ်)၊ ဖွန်တီ(ဆောက်သမ်တန်) အလယ်တန်း- မော်တင်ဟို(မိုနာကို)၊ ဆန်းချက်စ်(ဘန်ဖီကာ)၊  ၀ီလီယံ(စပို့တင်း)၊ ဗယ်လိုဆို(ဒိုင်းနမိုကိဗ်)၊၊ ဒါနီလို(ပေါ်တို)၊ အန်ဒရီ(ပေါ်တို)၊ ဂိုမက်စ်(ဗလန်စီယာ)၊ မာရီအို(စပို့တင်း) ရှေ့တန်း- စီရော်နယ်ဒို(ရီးရဲလ်)၊ အက်ဒါ(လိုင်လီ)၊၊ နာနီ(ဖီနာဘာချီ)၊  ကွာရက်စမာ( ဘက်ဆစ်တက်)၊ ဆေးလ်ဗား(ဘရာဂါ)   အုပ်စုပွဲစဉ် ဇွန် ၁၅- ပေါ်တူဂီ- အိုက်စလန် ဇွန် ၁၉- ပေါ်တူဂီ- သြစတြီးယား ဇွန် ၂၂- ပေါ်တူဂီ- ဟန်ဂေရီ
5 years Ago
Up