ယူရိုခြေစစ်ပွဲ ဆွစ်ဇာလန် ၇- ၀ ဆန်မာရီနို (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

October 10, 2015

ယူရိုခြေစစ်ပွဲ ဆွစ်ဇာလန် ၇- ၀ ဆန်မာရီနို (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၉ ရက် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် အုပ်စု င က ဆွစ်ဇာလန် အသင်းက ဆန်မာရီနိုကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ပြင်သစ်မှာ ကစားမယ့် ယူရိုပြိုင်ပွဲကို ပါဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ပထမပိုင်းပွဲအစမှာတော့ ဆွစ်ဇာလန်အသင်းက ထင်မှတ်ထားတာထက်ကို ခက်ခက်ခဲခဲနဲ့ ဆန်မာရီနိုကို ကစားခဲ့ရပါတယ်။ ပထမပိုင်း ပွဲချိန် ၁၇ မိနစ်မှာ အဖွင့်ဂိုးသွင်းယူပြီး ဆွစ်ဇာလန်အသင်းက ဦးဆောင်ထားခဲ့ပေမယ့် ကျန် ၆ ဂိုးကိုတော့ ဒုတိယပိုင်းမှ သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဆွစ်ဇာလန်အသင်းက ပင်နယ်တီ ကန်သွင်းခွင့်ကနေ တဆင့် ၂ ဂိုးသွင်းယူသွားတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာတော့ ဆွစ်ဇာလန်အသင်းက အက်စ်တိုးနီးယားအသင်းနဲ့ အုပ်စု နောက်ဆုံးပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းက ဒီပွဲအနိုင်ကြောင့် ၉ ပွဲကစား ၂၇ မှတ်ရထားတဲ့ အုပ်စု ပထမ အင်္ဂလန်အသင်းရဲ့နောက် အုပ်စု ဒုတိယနေရာကနေ ခြေစစ်ပွဲအောင်သွားပြီ ဖြစ်ပါတယ်။ အုပ်စု တတိယနေရာကနေ ရပ်တည်နေတဲ့ ဆလိုဗေးနီးယားကတော့ ခြေစစ်ပွဲအောင်ဖို့ အတွက် တခြားအုပ်စုက တတိယရတဲ့ အသင်းတသင်းနဲ့ အဆုံးအဖြတ်ပွဲကစားရမှာ ဖြစ်ပါတယ်။ ဒီအတွက် ယူရို ၂၀၁၆ ဥရောပဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်တဲ့ အသင်း ၉ သင်းရှိသွားပြီဖြစ်ပါတယ်။ ဒီအထဲမှာ အင်္ဂလန်၊ စပိန်၊ ဆွစ်ဇာလန်၊ သြစတြီးယား၊ ချက်သမ္မတနိုင်ငံ၊ အိုက်စလန်၊ မြောက်အိုင်ယာလန်၊ ပေါ်တူဂီနဲ့ အိမ်ရှင် ပြင်သစ်တို့ ဖြစ်ပါတယ်။
5 years Ago
Up