ယူရိုခြေစစ်ပွဲ စပိန် ၄- ၀ လူဇင်ဘတ် (ရုပ်သံ)

A d v e r t i s e m e n t With Us

October 10, 2015

ယူရိုခြေစစ်ပွဲ စပိန် ၄- ၀ လူဇင်ဘတ် (ရုပ်သံ)

အောက်တိုဘာ ၉ ရက်က ကစားခဲ့တဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ စပိန်အသင်းက လူဇင်ဘတ်အသင်းကို ၄ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အဖွင့်ဂိုးကိုတော့ ပထမပိုင်း ၄၂ မိနစ်မှာ အာဆင်နယ်တိုက်စစ်မှူး ကာဇိုလာက သွင်းယူပါတယ်။ ဒီနောက် ဒုတိယပိုင်း ၆၇ မိနစ်မှာ ဗလင်စီယာ တိုက်စစ်မှူး ပါကို အယ်ကာဆာက သွင်းယူပါတယ်။ ပွဲချိန် မိနစ် ၈၀မှာ အယ်ကာဆာနဲ့ ပွဲချိန် ၈၅ မိနစ်မှာ ကာဇိုလာကပဲ ဂိုးတွေထပ်မံသွင်းယူခဲ့ပြီး အနိုင်ရရှိသွား ဖြစ်ပါတယ်။ စပိန်အသင်း ဂိုးပြတ် အနိုင်ရသွားပေမယ့် ကွင်းလယ်လူ ဒေးဗစ်ဆေးဗားနဲ့ ရှေ့တန်းက အယ်လ်ဗာရို မော်ရာတာတို့က ဒဏ်ရာ ရရှိသွားပါတယ်။ စပိန်အသင်းပါဝင်တဲ့ အုပ်စုမှာ စပိန်က ရမှတ် ၂၄ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ပွဲအရေအတွက်တူ အမှတ်တူ ဂိုးကွားခြားချက်ကြောင့် ဆလိုဗက်ကီးယားက ဒုတိယနဲ့  ယူကရိန်းတို့က တတိယနေရာမှာ ရပ်တည်နေပါတယ်။ ကျန်တဲ့အသင်းတွေကတော့ ဘီလာရုက ရမှတ် ၁၀ မှတ်၊ လူဇင်ဘတ်က ၄ မှတ်၊ မက်ဆီဒိုးနီးယားက ၃ မှတ် ရရှိထားပါတယ်။
5 years Ago
Up