လာမယ့် ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ အသင်းအတွက် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်တယ်လို့ နည်းပြ လူးဝစ် ဗန်ဂါးက ပြောဆိုလိုက်ပါတယ်။
မန်ယူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ပွဲစဉ်မှာ ဆန်းဒါးလန်းကို ရှုံးနိမ့်ခဲ့အပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာက အသင်းနဲ့ ၆ မှတ် အကွာကို ရောက်ရှိသွားပါတယ်။
မန်ယူဟာ ဒီနှစ်ရာသီ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ထွက်ထားရပါတယ်။
ဒါကြောင့် လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဒိန်းမတ်ကလပ် FC Midtjylland အသင်းနဲ့ ပထမအကျော့ ရှုံးထွက် ၃၂ သင်းအဆင့်ကို စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်မှာလည်း အသင်းတွေက များတဲ့အတွက် သိပ်တော့ မလွယ်ကူဘူးလို့လည်း နည်းပြက ဆိုထားပါတယ်။
မန်ယူဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့အတွက် အဆင့် ၄ နေရာမှာ ၀င်ရမှာ ဖြစ်ပါတယ်။
နည်းပြ ဗန်ဂါးကတော့ ရာသီအကုန်မှာ အဆင့် ၄ ၀င်ဖို့အတွက် တော်တော် ခက်ခဲသွားပြီလို့ ၀န်ခံထားပါတယ်။
ဒါပေမယ့် အဆင့် ၄ နေရာဝင်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
5 years Ago