ယူရို ၂ဝ၂၄ ပြိုင်ပွဲ

September 28, 2018

ယူရို ၂ဝ၂၄ ပြိုင်ပွဲ အိမ်ရှင်အဖြစ် ဂျာမနီ ရွေးချယ်ခံရ

လာမယ့် ယူရို ၂ဝ၂၄ ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ဂျာမနီက တူရကီကို ကျော်ဖြတ်ပြီး ရွေးချယ်ခံလိုက်ရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ဂျာမနီကို အိမ်ရှင်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် ၁၉၈၈ မှာ အနောက်ဂျာမနီက အိမ်ရှင်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံရတာပါ။ တူရကီကတော့ အဓိကကျတဲ့ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ အိမ်ရှင်အဖြစ် ရွေးချယ်ခံရခြင်း မရှိသေးပါဘူး။ ဂျာမနီအသင်းနည်းပြ ဂျိုချင်လိုကတော့ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့အတွက် လူငယ်ကစားသမားတွေကို စိတ်ဓာတ်ခွန်အား ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။ လာမယ့် ယူရို ၂ဝ၂၄ ပြိုင်ပွဲမှာ အသင်းပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Fabrice Coffrini/AFP/Getty Images
3 years Ago
Up