ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်က လီဗာပူးနဲ့ ဂျာမနီဘွန်ဒစ်လီဂါက ဒေါ့မွန်အသင်းတို့ ထိပ်တိုက်တွေ့နေပါတယ်။
ဧပြီ ၇ ရက်နဲ့ ၁၄ ရက်မှာ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ကစားရမှာ ဖြစ်ပြီး ပထမအကျော့ကို ဒေါ့မွန်ကွင်းမှာ လီဗားပူးက သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
အရင် ဒေါ့မွန်နည်းပြဟောင်းနဲ့ လက်ရှိ လီဗာပူးနည်းပြ ကိုလော့ပ်ရဲ့ ကွာတားနဲ့ ဆီးမီးမှာ ဒေါမွန်နဲ့ ရှောင်လွဲပြီး ဗိုလ်လုပွဲမှာ ဆုံချင်တယ်ဆိုတဲ့ ဆန္ဒကတော့ မပြည့်ဝခဲ့ပါဘူး။
ဒါအပြင် စပိန်လာလီဂါကကလပ် အသင်း ၂ သင်းကလည်း ကွာတားဖိုင်နယ်မှာ ပြန်ဆုံကြမှာ ဖြစ်ပါတယ်။
ဆီဗီးလားကတော့ အက်သလက်တစ် ဘီဘာအိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။ တခြား စပိန် လာလီဂါက ဗီလာရီးရဲလ်ကတော့ ချက်ကလပ် စပါတာ ပါကေးနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ပေါ်တူဂီကလပ် ဘရာဂါကတော့ ယူကရိန်း ရှက်တာဒိုးနက် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
6 years Ago