အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်ခင် ခြေစမ်းပွဲအနေနဲ့ သြစတြီးယားကလပ် LASK Linz နဲ့ ကစားသွားမှာဖြစ်ပါတယ်။
ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေလ ၂၉ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲအနေနဲ့ သြစတြီးယားကလပ် LASK နဲ့ ကြာသပတေးနေ့မှာ ကစားသွားဖို့ အာဆင်နယ်အသင်းက စီစဉ်ထားပါတယ်။
အဲဒီပွဲစဉ်ကို အသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကိုလ်နီကွင်းမှာ ကစားမှာဖြစ်ပြီး ကွင်းပိတ်ကစားစေမယ်လို့ သိရပေမယ့် သြစကြီးယားနိုင်ငံမှာ သွားရောက်ကစားဖို့ ရှိတယ်လို့လည်း သတင်းထွက်နေပါတယ်။
LASK Linz ဟာ သြစတြီးယားလိဂ် ဒုတိယနေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး ပထမနေရာက ဆဲလ်ဘတ်အသင်းနဲ့ ၁၂ မှတ်အထိ ကွာဟနေတာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နဲ့ ရာသီသိမ်းခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် ယူရိုပါလိဂ်ဖလားကို ရယူနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
4 years Ago