ယူနိုက်တက်

October 5, 2019

ရော်ဂျာက ယူနိုက်တက်နည်းပြရာထူးအတွက် အသင့်တော်ဆုံးဟု ရော်ဘီဆားဗေ့ဂျ် ပြော

ဆိုးလ်ရှားအတွက် အချိန်လိုအပ်နေသေးတာ မှန်ပေမယ့် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာဟာ ယူနိက်တက်အသင်းရဲ့ နည်းပြရာထူးအတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ ပရီးမီးယားလိဂ် ဂန္ထဝင်ဟောင်း ရော်ဘီဆားဗေ့ဂျ်က သုံးသပ်ပါတယ်။  ရော်ဂျာဟာ လက်စတာအသင်းကို အခုနှစ်ရာသီအတွင်း ထိပ်သီး လေးသင်းဝင် ဖြစ်အောင် ဆောင်ရွက်ပေးနိုင်သူ ဖြစ်တယ်လို့ ဆားဗေ့ဂျ်က ယုံကြည်နေပြီး လက်တွေ့မှာလည်း ရော်ဂျာရဲ့ လက်စတာအသင်းဟာ ပုံစံကောင်းတွေ ပြသနေပါတယ်။  လက်ရှိအချိန်မှာ လက်စတာအသင်းဟာ ယူနိုက်တက်အသင်းနဲ့ ၅ မှတ်အကွာအဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ယူနိုက်တက်အသင်းကတော့ ဂန္ထဝင်ကစားသမား ဆိုးလ်ရှားရဲ့ ဦးဆောင်မှုအောက်မှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရပါတယ်။  ဒါ့ကြောင့် ဆားဗေ့ဂျ်က “ရော်ဂျာဟာ လက်စတာအသင်းကို ချိန်ပီယံလိဂ်ပြိုင်ပွဲထံ ပြန် လည်ပို့ဆောင်ဖို့ အကောင်းဆုံးဦးဆောင်နေပါတယ်။ သူဟာ အနာဂတ်ရဲ့ယူနိုက်တက်နည်းပါ” လို့ပြောပါတယ်။  “ဒီလိုပြောလို့ ကျနော့်ကို အထင်မလွဲစေချင်ပါဘူး။ ရော်ဂျာကို အနာဂတ်  ယူနိုက်တက်နည်းပြလို့ ပြောတာက ဆိုးလ်ရှားကို ထုတ်ပယ်ခိုင်းနေတာ မဟုတ်ပါဘူး။ ကျနော့်မှတ်ချက်က နည်းပြတွေထုတ်ပယ်တာ၊ ခန့်အပ်တာတွေကို ရည်ရွယ်တာမဟုတ်ပါဘူး။ ဆိုးလ်ရှားအတွက် အချိန်လိုအပ်ပါတယ်” လို့လည်း ဆားဗေ့ဂျ်ကပြောပါတယ်။ ဘလက်ပူးလ်အသင်းနဲ့ နာမည်ကျော်လာတဲ့ ရော်ဂျာဟာ ယူနိုက်တက်ရဲ့ အဓိကပြိုင်ဘက် လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားဖလားဆွတ်ခူးဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိခဲ့သူဖြစ်ပြီး လက်စတာမတိုင်ခင် ဆဲလ်တစ်အသင်းမှာလည်း သူဟာနည်းပြကောင်း တယောက်ဖြစ်တယ်ဆိုတာကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။  အခုရာသီမှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲဖြစ်တဲ့ ယူနိက်တက်အသင်းဟာ အခုသီတင်း ပတ်မှာ နယူးကာဆယ်နဲ့ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး လက်စတာကတော့ အမှတ်ပေးဇယားကို  ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
2 years Ago
Up