ယူ၂၀ ကမ္ဘာ့ဖလား

June 15, 2015

ယူ ၂၀ ကမ္ဘာ့ဖလား ဘရာဇီး၊ ဆီနီဂေါ၊ ဆားဘီးယား၊ မာလီ ဆီမီးတက်

ဇွန် ၁၄ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား ယူ ၂၀ ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာ အသင်းအများစုက ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရသွားပါတယ်။ နာမည်ကြီး ဘရာဇီးက ပေါ်တူဂီနဲ့ ဂိုးမရှိ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဘရာဇီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ဂျာမနီကတော့ မာလီနဲ့ သရေကျလို့ ပင်နယ်တီမှာ မာလီက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီး ဆားဘီးယားက အမေရိကန်အသင်းကို ပင်နယ်တီမှာ ၆ ဂိုး ၅ ဂိုးနဲ့ နိုင်ပြီး တက်သွားတာ ဖြစ်ပါတယ်။ ဆီနီဂေါအသင်းကတော့ အာရှလက်ကျန် ဥဇဘက်ကစ္စတန်ကို ၁ ဂိုးတည်းနဲ့ ကပ်နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်သွားတာပါ။ လာမယ့် ၁၇ ရက်နေ့ ဆီမီးဖိုင်နယ်မှာ ဘရာဇီးက ဆီနီဂေါ၊ ဆားဘီးယားက မာလီနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲတွေကိုတော့ ဇွန် ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပါတယ်။ ဓာတ်ပုံ - ဖီဖာ

world cup u20-fifa01 world cup u20-fifa02 world cup u20-fifa05

6 years Ago
Up