ယူ၁၉အမျိုးသမီးအသင်း

May 7, 2019

ယူ-၁၈ အမျိုးသားအသင်းနှင့် ယူ-၁၉ အမျိုးသမီးအသင်း​များကို ဂုဏ်ပြုဆုချီးမြှင့်

ဟောင်​​ကောင်​ဖိတ်​​ခေါ်ဖလားပြိုင်​ပွဲမှာ ချန်​ပီယံဆုဖလား ရယူခဲ့တဲ့ မြန်​မာယူ-၁၈ အမျိုးသားအသင်းနဲ့ အာရှ​ခြေစစ်​ပွဲ ​အောင်​မြင်​​အောင်​ စွမ်း​ဆောင်​ခဲ့တဲ့ မြန်​မာယူ-၁၉ အမျိုးသမီး အသင်းတို့အတွက်​ ဂုဏ်​ပြုချီးမြှင့်​ပွဲ အခမ်းအနားကို ​မေလ ၇ ရက်​က နိုဗိုတယ်​ဟိုတယ်​မှာ ပြုလုပ်​ခဲ့ပါတယ်​။ ဟောင်​​ကောင်​ဖိတ်​​ခေါ်ဖလားပြိုင်​ပွဲမှာ ချန်​ပီယံဖြစ်​ခဲ့တဲ့ ယူ-၁၈ အမျိုးသားအသင်းကို မြန်​မာနိုင်​ငံ ​ဘောလုံးအဖွဲ့ချုပ်​က ကျပ်​သိန်း ၁၅၀၊ AYA Bank ဒုဥက္ကဋ္ဌ ​ဒေါ်​ဋ္ဌေး​ဋ္ဌေးခိုင်​က ကျပ်​သိန်း ၁၅၀၊ စုစု​ပေါင်း ကျပ်သိန်း ၃၀၀ ချီးမြှင့်​ခဲ့ပါတယ်​။ ယူ-၁၉ အမျိုးသမီးအသင်းအတွက်​ ဆု​ကြေး​ ကျပ်သိန်း ၆၃၀ ချီးမြှင့်​ခဲ့ပြီး ကမ္ဘောဇဘဏ်ဥက္ကဋ္ဌနဲ့ MFF နာယက ဦး​အောင်​ကိုဝင်းက ကျပ်​သိန်း ၂၀၀၊ AYA Bank ဒုဥက္ကဋ္ဌ ​ဒေါ်​ဋ္ဌေး​ဋ္ဌေးခိုင်​က ကျပ်​သိန်း ၂၀၀၊ အမျိုးသမီး ဘောလုံး​ကော်​မတီဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့က ကျပ်​သိန်း ၂၀၀၊ Fortune ရုပ်​သံက ကျပ်​သိန်း ၃၀ စုစု​ပေါင်း ကျပ်​သိန်း ၆၃၀ ချီးမြှင့်​ခဲ့တာ ဖြစ်​ပါတယ်​။ မြန်​မာ ယူ-၁၉ အမျိုးသမီးအသင်းဟာ လာမယ့်​ နိုဝင်​ဘာလမှာ အာရှပြိုင်​ပွဲ ကစားရမှာဖြစ်​ပြီး အသင်း ၈ သင်းကို အုပ်​စု ၂ ခုခွဲပြီး ယှဉ်​ပြိုင်​ရမှာ ဖြစ်​ပါတယ်​။
2 years Ago
Up