ယူအေအီးအိမ်ရှေ့မင်းသား

A d v e r t i s e m e n t With Us

May 27, 2019

ဆူဒန် စစ်ကောင်စီအကြီးအကဲနှင့် ယူအေအီး အိမ်ရှေ့မင်းသား တွေ့ဆုံ

ဆူဒန်နိုင်ငံက စစ်ကောင်စီ အကြီးအကဲဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ရဲ့ အိမ်ရှေ့မင်းသားနဲ့ မေလ ၂၆ ရက်က တွေ့ဆုံပါတယ်။ သူဟာ ဆူဒန်နိုင်ငံကို ယူအေအီးက ထောက်ပံ့မယ်လို့ ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။ ယူအေအီးဟာ ဆူဒန်အာဏာရှင် အိုမာ အယ်လ် ဘတ်ရှီးယား ရာထူးကျအပြီး အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကို စောင့်ကြည့်နေတယ်လို့ ယူအေအီးရဲ့ အမ်းမရိတ်သတင်းဌာန (WAM) က ထုတ်ပြန်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး အဘ်ဒယ်ဖာတာ အယ်လ်ဘာဟန်က အီဂျစ်နဲ့ ယူအေအီးကို လည်ပတ်နေချိန်မှာ သူ့လက်ထောက် ဗိုလ်ချုပ် မိုဟမ်မဒ်ဟမ်ဒနဒါဂါလိုက ဆော်ဒီအာရေဗျကို ခရီးထွက်နေပါတယ်။ နှစ် ၃၀ ကြာ သမ္မတလုပ်ခဲ့သူ ဘတ်ရှားကို ဧပြီ ၁၁ ရက်က ဖယ်ရှားဖမ်းဆီးအပြီး ယူအေအီး၊ ဆော်ဒီအာရေဗျနဲ့ အီဂျစ် သုံးနိုင်ငံဟာ ဆူဒန်နိုင်ငံအပေါ် သြဇာလွှမ်းနိုင်ဖို့ ကြိုးစားနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ဆူဒန်ဒုဗိုလ်ချုပ်ကြီး ဘာဟန်ရဲ့ ခရီးစဉ်အတွင်း ယူအေအီးအိမ်ရှေ့စံက ဆူဒန်ကို ကျောထောက်နောက်ခံပေးတယ်၊ အထိအခိုက်မခံတဲ့ အဆင့်မှာ စစ်ကောင်စီဟာ ဆူဒန်ပြည်သူတွေနဲ့ ဆွေးနွေးဖို့ အရေးကြီးတယ်လို့ အသားပေး ပြောခဲ့ကြောင်း WAM သတင်းဌာနက အစီရင်ခံပါတယ်။ ဆူဒန်ဆန္ဒပြသူတွေက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆော်သြနေမှုဟာ ဒေသတွင်း မဟာမိတ် ၃နိုင်ငံရဲ့ ဘယ်လိုစွက်ဖက်မှုကိုမဆို သတိပေးခဲ့ပါတယ်။ ဆူဒန်ရဲ့ အဓိကဆန္ဒပြသူ အုပ်စုဖြစ်တဲ့ ဆူဒန်ပညာရှင်များအသင်းဟာ ခါတွန်မြို့တော်မှာ ဆော်ဒီသံအမတ်နဲ့ ပထမဆုံး အစည်းအဝေးအတွင်း အရပ်သားအုပ်ချုပ်မှု အသွင်ကူးပြောင်းရေးကို ပံ့ပိုးဖို့ ဆော်သြခဲ့တယ်လို့ မေလ ၂၆ ရက်က ပြောပါတယ်။ ကြားဖြတ်အစိုးရကို အရပ်သားတွေနဲ့ စစ်သားတွေ ဘယ်သူထိန်းချုပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆန္ဒပြတပ်ပေါင်းစုနဲ့ အတိုက်အခံ အုပ်စုတွေနဲ့ ကြားဖြတ်စစ်ကောင်စီတို့ တရားဝင် ဆွေးနွေးနေတာလည်း အချိန်ဆွဲထားသလို ဖြစ်နေပါတယ်။ ဧပြီနှောင်းပိုင်းက ယူအေအီးနဲ့ ဆော်ဒီတို့ဟာ ဆူဒန်နိုင်ငံကို ဘဏ္ဍာရေးနဲ့ ပစ္စည်းတွေ အမေရိကန်ဒေါ်လာ ၃ ဘီလျံဖိုး ထောက်ပံ့မယ်လို့ ကတိပြုထားပါတယ်။
2 years Ago
Up