ယူရေနီယံ

A d v e r t i s e m e n t With Us

June 18, 2019

ယူရေနီယံ ကန့်သတ်ချက် ၁၀ ရက်အတွင်း ချိုးဖောက်နိုင်ဟု အီရန်ပြော

နိုင်ငံတကာနဲ့ သဘောတူညီထားတဲ့ ယူရေနီယံ ကန့်သတ်ချက်ကို ဆယ်ရက်အတွင်း ချိုးဖောက်နိုင်တယ်လို့ အီရန်က ဇွန်လ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်နဲ့ တင်းမာမှု မြင့်မားနေဆဲ ဆက်ဆံရေးက ပိုအဆင်မပြေ ဖြစ်မယ့် လုပ်ရပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပနိုင်ငံတွေဟာ နျူကလီးယား သဘောတူညီချက်ကို ကယ်ဆယ်ဖို့ အချိန်ရှိသေးတယ်လို့ အီရန်အစိုးရက ပြောပါတယ်။ အိုမန်ပင်လယ်ကွေ့က ရေနံတင်သင်္ဘော ၂ စီးကို အီရန်က ဇွန် ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့ တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲအပြီး အမေရိကန်-အီရန် ဆက်ဆံရေး ပိုဆိုးလာခဲ့တာပါ။ ရေနံတင်ပို့ရာ အဓိကလမ်းကြောင်းပေါ်က တိုက်ခိုက်မှုအတွင်း ဘယ်နေရာကမှ မပါခဲ့ဘူးလို့ အီရန် အစိုးရက ငြင်းပါတယ်။ နိုင်ငံတကာက အီရန်ကို ဒဏ်ခတ်မှု ပယ်ဖျက်ရေးအတွက် အပြန်အလှန်အနေနဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ကန့်သတ်ဖို့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ၂၀၁၅ မှာ သဘောတူထားပါတယ်။ အဲဒီ သဘောတူညီချက်ကနေ အမေရိကန်က မနှစ်က တဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ဒဏ်ခတ်မှုတွေကို ပြန်ကျင့်သုံးခဲ့ပါတယ်။ ၂၀၁၅ အီရန် သဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေက တကယ်လို့  အီရန်ကို အမေရိကန်ရဲ့ ဒဏ်ခတ်မှုကနေ ကာကွယ်မပေးခဲ့ရင် နျူကလီးယား သဘောတူညီချက် ကို မချိုးဖောက်ခင် ခြေလှမ်းအနေနဲ့ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်မှု လျှော့ချမယ်လို့ အီရန် အစိုးရက အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂက အီရန် နျူကလီးယားအစီအစဉ်ကို အသေအချာ စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ခဲ့အပြီး အီရန်ဟာ ခုထိ သူ့ကတိကို တည်နေဆဲဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
2 years Ago
Up