ယူကေအားကစားသမားများထဲတွင်

May 6, 2017

ယူကေအားကစားသမားများထဲတွင် ဟာမီလ်တန် အချမ်းသာဆုံးကစားသမားအဖြစ် ရပ်တည်

ယူကေအားကစားသမားတွေထဲမှာ ဖော်မြူလာဝမ်း အကျော်အမော် လူးဝစ်ဟာမီလ်တန်ဟာ အချမ်းသာဆုံးအဖြစ် ပေါင် ၁၃၁ သန်းနဲ့ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ ဟာမီလ်တန်ရဲ့ ကြွယ်ဝမှုဟာ တစ်နှစ်အတွင်း ပေါင် ၂၅ သန်းထိ တိုးလာခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ မန်ယူတိုက်စစ်မှူး ဇလေတန်အီဗရာဟီမိုဗစ်ဟာ ပေါင် သန်း ၁၁၀ နဲ့ ရပ်တည်နိုင်ခဲ့ပြီးတော့ ဝိန်းရူနီကတော့ ပေါင် ၉၃ သန်းနဲ့ တတိယနေရာမှာရှိနေပါတယ်။ ဖော်မြူလာဝမ်း ကားမောင်းသမား နောက်တဦးဖြစ်တဲ့ ဂျေဆန် ဘက်တန် ကပေါင် ၈၆ သန်း၊ အိုင်ယာလန် ဂေါက်သီးရိုက်ကစားသမား မက်အီရွိုင်းက ပေါင် ၈၂ သန်း၊ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ပေါင် ၇၇ သန်းနဲ့ အစဉ်လိုက်ရပ်တည် နေခဲ့ပါတယ်။ မန်ယူ နည်းပြမော်ရင်ဟိုဟာလည်း ပေါင် ၆၁ သန်းနဲ့ အချမ်းသာဆုံးထိပ်သီး ၁၀ ယောက်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ရီးရဲလ်တောင်ပံကစားသမား ဂါရက်ဘေးလ်က ပေါင် ၅၄ သန်း၊ အဆင့် ၉ နေရာမှာကတော့ LA Lakers အသင်းက ဘတ်စ်ကတ်ဘောကစားသမား Luol Deng နဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ တို့က ပေါင် သန်း ၅၀ စီနဲ့ အသီးသီးရပ်တည်နေခဲ့ပါတယ်။
4 years Ago
Up