ယူအေအီးအိမ်ရှေ့စံ

August 14, 2019

ဆော်ဒီဘုရင်နှင့် ယူအေအီးအိမ်ရှေ့စံ ယီမင်နိုင်ငံတွင်း အခြေအနေ ဆွေးနွေး

ဆော်ဒီအာရေဗျဘုရင် ဆယ်လ်မန်ဘင် အဘ်ဒယ်လာဇစ်နဲ့ အိမ်ရှေ့စံ မိုဟမ်မက်ဒ် ဘင် ဆယ်လ်မန်တို့ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံက အိမ်ရှေ့စံ ရှိတ်ခ် မိုဟမ်မက်ဒ် ဘင် ဇာယက်ဒ် အယ်လ် နေဟန်နဲ့ သြဂုတ် ၁၂ ရက်က တွေ့ဆုံပြီး ယီမင်နိုင်ငံတွင်း အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ အစိုးရရုပ်သံ Saudi TV က ပြောပါတယ်။ အရင်က ဟူသီသူပုန်တွေကို စစ်ဆင်ရေးမှာ တောင်ပိုင်း ခွဲထွက်ရေးသမားတွေဟာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်နဲ့ မဟာမိတ်အဖြစ် အတူတိုက်ပွဲဝင်ခဲ့ကြပေမယ့် အခုချိန်မှာတော့ မဟာမိတ်ချင်း ပြန်တိုက်ခိုက်နေခဲ့ကြပါတယ်။ စစ်ရေးပြအခမ်းအနားတခု ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုမှာ ယီမင်သမ္မတ အက်ဘ်ဒယ် ရာဘူ မန်ဆော် ဟာဒီနဲ့ ဆက်နွှယ်တဲ့ အစ္စလာမ္မစ်ပါတီတခုလည်း ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေတယ်လို့ ခွဲထွက်ရေးသမားတွေက စွပ်စွဲပြီးတဲ့နောက် သြဂုတ် ၇ ရက်နေ့မှာ တိုက်ပွဲ စတင်ခဲ့တာပါ။ ယူအေအီးနိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ တောင်ပိုင်း ခွဲထွက်ရေးသမားတွေက အေဒင်မြို့ကို သိမ်းခဲ့ပါတယ်။ အစိုးရအဆောက်အဦတွေကို မတိုက်ဖို့ ဆော်ဒီအစိုးရရဲ့ ဆော်သြချက်ကို တောင်ပိုင်း ခွဲထွက်ရေး သမားတွေက ဆန့်ကျင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်က အေဒင်မြို့ထဲမှာ ကြားဝင် ဖျန်ဖြေအပြီးမှာ ခုလို ဆွေးနွေးကြတာပါ။ အီရန်နဲ့ မဟာမိတ်ပြုထားတဲ့ ဟူသီတွေက ယီမင်မြို့တော် ဆာနာနဲ့ နိုင်ငံအတွင်း လူအထူဆုံး နေရာတွေကို ထိန်းချုပ်ထားပါတယ်။ ယီမင်နိုင်ငံအတွင်း စစ်ပွဲအများစုအတွက် ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိက စစ်ဘက်မဟာမိတ် ယူအေအီးဟာ ဇွန်လကတည်းက သူ့တပ်တွေကို ပြန်ဆုတ်သွားခဲ့ပါတယ်။ မဟာမိတ်ပျက်မှုကြောင့် ဘုံရန်သူ ဟူသီနဲ့ အီရန်တို့ အားတက်စေနိုင်တာမို့ ဆော်ဒီနဲ့ ယူအေအီး အုပ်ချုပ်သူတွေ ဆွေးနွေးတာဟာ မဟာမိတ်ပျက်မှု ရပ်တန့်ရေး ကြိုးစားဖို့ ဖြစ်ပုံရတယ်လို့ မီဒီယာတွေက သုံးသပ် ဖော်ပြနေပါတယ်။
Zawgyi Version ေဆာ္ဒီဘုရင္ႏွင့္ ယူေအအီးအိမ္ေရွ႕စံ ယီမင္ႏိုင္ငံတြင္း အေျခအေန ေဆြးေႏြး DVB ေဆာ္ဒီအာေရဗ်ဘုရင္ ဆယ္လ္မန္ဘင္ အဘ္ဒယ္လာဇစ္နဲ႔ အိမ္ေရွ႕စံ မိုဟမ္မက္ဒ္ ဘင္ ဆယ္လ္မန္တို႔ဟာ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (ယူေအအီး) ႏိုင္ငံက အိမ္ေရွ႕စံ ရွိတ္ခ္ မိုဟမ္မက္ဒ္ ဘင္ ဇာယက္ဒ္ အယ္လ္ ေနဟန္နဲ႔ ၾသဂုတ္ ၁၂ ရက္က ေတြ႔ဆုံၿပီး ယီမင္ႏိုင္ငံတြင္း အေျခအေနေတြကို ေဆြးေႏြးခဲ့တယ္လို႔ အစိုးရ႐ုပ္သံ Saudi TV က ေျပာပါတယ္။ အရင္က ဟူသီသူပုန္ေတြကို စစ္ဆင္ေရးမွာ ေတာင္ပိုင္း ခြဲထြက္ေရးသမားေတြဟာ ေဆာ္ဒီဦးေဆာင္တဲ့ ၫြန႔္ေပါင္းတပ္နဲ႔ မဟာမိတ္အျဖစ္ အတူတိုက္ပြဲဝင္ခဲ့ၾကေပမယ့္ အခုခ်ိန္မွာေတာ့ မဟာမိတ္ခ်င္း ျပန္တိုက္ခိုက္ေနခဲ့ၾကပါတယ္။ စစ္ေရးျပအခမ္းအနားတခု ဒုံးက်ည္နဲ႔ တိုက္ခိုက္ခံရမႈမွာ ယီမင္သမၼတ အက္ဘ္ဒယ္ ရာဘူ မန္ေဆာ္ ဟာဒီနဲ႔ ဆက္ႏႊယ္တဲ့ အစၥလာမၼစ္ပါတီတခုလည္း ႀကံရာပါအျဖစ္ ပါဝင္ပတ္သက္ေနတယ္လို႔ ခြဲထြက္ေရးသမားေတြက စြပ္စြဲၿပီးတဲ့ေနာက္ ၾသဂုတ္ ၇ ရက္ေန႔မွာ တိုက္ပြဲ စတင္ခဲ့တာပါ။ ယူေအအီးႏိုင္ငံက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ေတာင္ပိုင္း ခြဲထြက္ေရးသမားေတြက ေအဒင္ၿမိဳ႕ကို သိမ္းခဲ့ပါတယ္။ အစိုးရအေဆာက္အဦေတြကို မတိုက္ဖို႔ ေဆာ္ဒီအစိုးရရဲ႕ ေဆာ္ၾသခ်က္ကို ေတာင္ပိုင္း ခြဲထြက္ေရး သမားေတြက ဆန႔္က်င္ လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီေနာက္ ေဆာ္ဒီေခါင္းေဆာင္တဲ့ ၫြန႔္ေပါင္းတပ္က ေအဒင္ၿမိဳ႕ထဲမွာ ၾကားဝင္ ဖ်န္ေျဖအၿပီးမွာ ခုလို ေဆြးေႏြးၾကတာပါ။ အီရန္နဲ႔ မဟာမိတ္ျပဳထားတဲ့ ဟူသီေတြက ယီမင္ၿမိဳ႕ေတာ္ ဆာနာနဲ႔ ႏိုင္ငံအတြင္း လူအထူဆုံး ေနရာေတြကို ထိန္းခ်ဳပ္ထားပါတယ္။ ယီမင္ႏိုင္ငံအတြင္း စစ္ပြဲအမ်ားစုအတြက္ ၫြန႔္ေပါင္းအဖြဲ႔ရဲ႕ အဓိက စစ္ဘက္မဟာမိတ္ ယူေအအီးဟာ ဇြန္လကတည္းက သူ႔တပ္ေတြကို ျပန္ဆုတ္သြားခဲ့ပါတယ္။ မဟာမိတ္ပ်က္မႈေၾကာင့္ ဘုံရန္သူ ဟူသီနဲ႔ အီရန္တို႔ အားတက္ေစႏိုင္တာမို႔ ေဆာ္ဒီနဲ႔ ယူေအအီး အုပ္ခ်ဳပ္သူေတြ ေဆြးေႏြးတာဟာ မဟာမိတ္ပ်က္မႈ ရပ္တန္႔ေရး ႀကိဳးစားဖို႔ ျဖစ္ပုံရတယ္လို႔ မီဒီယာေတြက သုံးသပ္ ေဖာ္ျပေနပါတယ္။
2 years Ago
Up