ယူအေအီးနိုင်ငံ

September 1, 2020

အမေရိကန်နှင့် အစ္စရေးအရာရှိများ ယူအေအီးနိုင်ငံသို့ သွားရောက်ဆွေးနွေး

အစ္စရေးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)တို့အကြား ဆက်ဆံရေး သဘောတူညီချက် အပြီးသတ်ဖို့အတွက် သြဂုတ် ၃၁ ရက်က အမေရိကန်နဲ့ အစ္စရေး အကြီးတန်း အရာရှိတွေဟာ သမိုင်းဝင်ခရီးအဖြစ်  ယူအေအီး နိုင်ငံကို ရောက်ရှိလာပါတယ်။  အဘူဒါဘီလေဆိပ်ကို ရောက်လာချိန်မှာတော့ သမ္မတထရမ့်ရဲ့ အကြီးတန်းအကြံပေးနဲ့ သမက်ဖြစ်တဲ့ ဂျရက်ခွတ်ရှ်နာက ပါလက်စတိုင်းတွေအနေနဲ့ အတိတ်မှာ ပိတ်မိမနေသင့်ဘူးလို့ ပြောပါတယ်။  အစ္စရေးနဲ့  ယူအေအီးတို့အကြား နှစ်ပေါင်း ၂၀ ကျော်အတွင်း  ပထမဆုံးအကြိမ် ပုံမှန် ပြန်လည် ဆက်ဆံမှုကို သြဂုတ် ၁၃ ရက်မှာ ကြေညာခဲ့ပြီး အီရန်အပေါ် နှစ်နိုင်ငံစလုံး ကြောက်ရွံ့စိတ်က    ဒီလိုဖြစ်အောင်  အတော်ကြီး အထောက်အကူပြုခဲ့ပါတယ်။ ပါလက်စတိုင်းတို့ကတော့ ယူအေအီးရဲ့ လုပ်ရပ်ကို စိတ်ပျက်ခဲ့ပြီး ဒါဟာ ကာလရှည် ဖြစ်တည်နေတဲ့ အာရပ်အမျိုးသားရေးရပ်တည်ချက်ကို  ချည့်နဲ့စေမယ့် သစ္စာဖောက်မှုအဖြစ် ရှုမြင်ပါတယ်။   အာရပ် အမျိုးသားရေးရပ်တည်ချက်ဆိုတာကတော့ သိမ်းပိုက်နယ်မြေတွေကနေ အစ္စရေး ရုပ်သိမ်းရေး တောင်းဆိုပြီး အစ္စရေးနဲ့ အာရပ်နိုင်ငံတွေအကြား ပုံမှန်ဆက်ဆံရေးရဖို့အတွက်  အပြန်အလှန်အနေနဲ့ ပါလက်စတိုင်းနိုင်ငံကို လက်ခံဖို့ပဲ ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
1 year Ago

June 24, 2020

တရုတ်ဇီဝနည်းပညာအဖွဲ့က ယူအေအီးနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မည်

တရုတ်အမျိုးသားဇီဝနည်းပညာအဖွဲ့ (CNBG) ဟာ သူ့ရဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အဆင့်-၃ လူသားစမ်းသပ်မှုကို ယူအေအီးနိုင်ငံမှာ ပြုလုပ်ဖို့ရာ ခွင့်ပြုချက်ရပြီလို့ ကုမ္ပဏီက ဇွန် ၂၃ ရက်မှာ ပြောဆိုပါတယ်။ တရုတ်နိုင်ငံဟာ ပြည်တွင်းမှာ ကာကွယ်ဆေး စမ်းသပ်ခံမယ့် လူနာသစ်တွေ မရှိတာမို့ နိုင်ငံရပ်ခြားကနေ  အလားအလာရှိတဲ့ စမ်းသပ်ခံပုဂ္ဂိုလ်တွေကို ရှာဖွေနေပါတယ်။ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုပေါင်း တစ်ဒါဇင်ကျော် လုပ်နေပေမယ့်  ဘယ်စမ်းသပ်မှုကမှ အဆင့်-၃ ကို အောင်မြင်အောင် မလုပ်နိုင်သေးပါဘူး။ အဆင့်-၃ ဟာ ကျန်းမာသူတွေကို ဗိုင်းရပ်စ်မကူးအောင် ကာကွယ်ရာမှာ အစွမ်းထက်မလား ဆိုတာကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။  ဒီလို စမ်းသပ်မှုမျိုးမှာ စမ်းသပ်ခံ လူပုဂ္ဂိုလ်ထောင်ချီ ပါဝင်ကြပြီး ပုံမှန်အားဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့ရာ နိုင်ငံတွေမှာ စမ်းသပ်မှု လုပ်ကြပါတယ်။  ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ် စတွေ့တဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း တစ်နေ့ကို ထပ်မံ ကူးစက်သူ ၁၀ ယောက်ထက် လျော့နည်းတာမို့ တရုတ်သုတေသီတွေဟာ နိုင်ငံရပ်ခြားမှာ စမ်းသပ်လူနာတွေကို ရှာဖွေနေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
1 year Ago
More News
Up