ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ပေးတဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒို ရရှိသွားပါတယ်။
ရော်နယ်ဒိုဟာ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ ဂိုးသမား ဘတ်ဖွန်တို့ကို ဖြတ်ကျော်ပြီး ရရှိသွားတာပါ။
ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၂ နှစ်ဆက်တိုက် ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် ကူညီထားသလို ၁၂ ဂိုး သွင်းယူထားပါတယ်။
သူဟာ ယူအီးအက်ဖ်အေကပေးတဲ့ ဆုကို ၃ ကြိမ်အထိ ရရှိထားပြီး မက်ဆီထက် တကြိမ်ပိုရထားပါတယ်။
ဒီဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းကို ကလပ်အသင်းနည်းပြ ၈၀ ကျော်နဲ့ ဘောလုံးသတင်းထောက် ၅၀ ကျော်တို့က ရွေးချယ်တာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ဘတ်ဖွန်၊ အကောင်းဆုံး နောက်တန်းသမားဆုကို ဆာဂျီယို ရာမို့စ်၊ အလယ်တန်းဆုကို လူကာ မိုဒရစ်တို့ ရရှိသွားပါတယ်။
5 years Ago