ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဌာနချုပ်ကို ဆွစ်ဇာလန်ရဲတွေက ဧပြီ ၆ ရက်မှာ ၀င်ရောက်ရှာဖွေခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ယူအီးအက်ဖ်အေ အထွေထွေအတွင်းရေးမှူးဟောင်း ဂိုင်နီ အင်ဖာတီနိုရဲ့ နာမည်ကို ပနားမား ဥပဒေကုမ္ပဏီ မောဆတ်ဖွန်ဆက်ကာကနေ လျှို့ဝှက်ပေါက်ကြားလာတဲ့ သန်းချီ အထောက်အထားတွေမှာ ပါဝင်ခဲ့ပြီးတဲ့နောက် အခုလို ရှာဖွေမှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေမှာ တာဝန်ယူစဉ် ၂၀၀၆ ခုနှစ်က အမေရိကန် ထောက်လှမ်းရေးအဖွဲ့ အက်ဖ်ဘီအိုင်က လာဘ်စားမှုနဲ့ စွဲဆိုထားတဲ့ စီးပွားရေးသမား ၂ ဦးနဲ့ ချန်ပီယံလိဂ် ရုပ်သံထုတ်လွှင့်ခွင့်အတွက် လက်မှတ်ရေးထိုးခဲ့တယ်လို့ လျှို့ဝှက်စာတမ်းမှာ ဖော်ပြထားပါတယ်။
အထောက်အထားတွေ ရချင်တဲ့အတွက် ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရှေ့နေချုပ်ရုံးက ထုတ်ပြန်ပါတယ်။
အင်ဖာတီနိုကတော့ တစုံတရာ အမှားအယွင်း မလုပ်ဘူးလို့ ပြောဆိုသလို ယူအီးအက်ဖ်အေကတော့ ရဲတွေကို ကူညီတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လျှို့ဝှက်ပေါက်ထွက်လာတဲ့ စာတမ်းမှာပါတဲ့ ဖီဖာအရာရှိ ဂျူအန် ပက်ဒရို ဒါမီနီကလည်း ရာထူးကနေ နုတ်ထွက်သွားပါတယ်။
5 years Ago