ယူအီးအက်ဖ်အေနေးရှင်းလိဂ်

October 17, 2018

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ကို ၂၀၁၈-၂၀၂၀ အထိ ပထမရာသီအဖြစ် သတ်မှတ်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ကို ၂၀၁၈-၂၀၂၀ အထိ ပထမရာသီအဖြစ် သတ်မှတ်ထားပါတယ်။ ဥရောပမှာရှိတဲ့ အသင်း ၅၅ သင်းရဲ့ အဆင့်သတ်မှတ်ချက်ပေါ်မူတည်ပြီး လိဂ် အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး လေးခုခွဲထားပါတယ်။ လိဂ်အေနဲ့ဘီမှာ တအုပ်စု ၃ သင်းနဲ့ အုပ်စု ၄ ခုရှိပါတယ်။ လိဂ် စီမှာ ၄ သင်းစီနဲ့ သုံးအုပ်စု၊ ၃ သင်း တအုပ်စု၊ ပေါင်း လေးအုပ်စု ခွဲထားပါတယ်။ လိဂ် ဒီ မှာ ၄ သင်းစီနဲ့ လေးအုပ်စု ခွဲထားပါတယ်။ အုပ်စုလေးခုရဲ့ ထိပ်ဆုံးလေးသင်းဟာ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်၊ တတိယနေရာလုပွဲတွေ ကစားပြီး အနိုင်ရတဲ့အသင်းကို ဒီရာသီရဲ့ ချန်ပီယံအဖြစ် သတ်မှတ်ပါတယ်။ လိဂ် ဘီ၊ စီ၊ ဒီ ရဲ့ အုပ်စုတခုချင်းစီက ထိပ်ဆုံးလေးသင်းဟာ နောက်တဆင့်မြင့်တဲ့ လိဂ်ကို နောက်ရာသီမှာ တန်းတက်ခွင့်ရပါမယ်။ အုပ်စုတခုချင်းစီက ထိပ်ဆုံးလေးသင်းဟာ Play Off ပွဲတွေ ထပ်ကစားပြီး အနိုင်ရတဲ့ အသင်းဟာ ယူရို ၂၀၂၀ ဝင်ခွင့်တနေရာ ရမှာဖြစ်ပါတယ်။ အုပ်စုတခုချင်းစီက အောက်ဆုံးလေးသင်းကတော့ နောက်တဆင့်နိမ့်တဲ့ လိဂ်ကို နောက်ရာသီမှာ တန်းဆင်းရမှာ ဖြစ်ပါတယ်။
3 years Ago

ပြင်သစ်က ဂျာမနီကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ယူအီးအက်ဖ်အေ နေးရျင်းလိဂ်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ ဂျာမနီတို့ မနေ့ညက ယှဉ်ပြိုင်ရာ ပြင်သစ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အဲဒီပွဲမှာ ဂျာမနီအတွက် အဖွင့်ဂိုးကို ပထမပိုင်းမှာ တိုနီခရူးစ်က ပယ်နယ်တီကနေ သွင်းယူပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းမှာ တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြန်လည်သွင်းယူခဲ့ပါတယ်။ ပြင်သစ်က ဒီပွဲနိုင်သွားတဲ့အတွက် လိဂ်အေ အုပ်စု ၁ မှာ ၇ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ဒုတိယနေရာမှာ နယ်သာလန်က ၃ မှတ်၊ ဂျာမနီကတော့ ၁ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
3 years Ago

October 16, 2018

အင်္ဂလန်က စပိန်ကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် စပိန်နဲ့ အင်္ဂလန်တို့ မနေ့ညကယှဉ်ပြိုင်ရာ အင်္ဂလန်က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒါဟာ အင်္ဂလန်အသင်းအတွက်တော့ ၃၁ နှစ်အတွင်း စပိန်အသင်းကို ပထမဆုံးအကြိမ် ပြန်လည်အနိုင်ယူနိုင်တာပဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမားတွေ အစုံအလင်နဲ့ ပွဲထွက်ခဲ့ကြပြီး အိမ်ရှင် စပိန်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာစီးရခဲ့ပေမယ့် အင်္ဂလန်အသင်းက ရတဲ့အခွင့်အရေးတွေ အပိုင်အသုံးချပြီး နိုင်ပွဲရယူသွားနိုင်ခဲ့တာပါ။ အင်္ဂလန်အသင်းအတွက် အနိုင်သုံးဂိုးစလုံးကို ပထမပိုင်းမှာပဲ သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၁၆ မိနစ်နဲ့ ၃၈ မိနစ်မှာ စတာလင်၊ ၂၉ မိနစ်မှာ ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့တာပါ။ စပိန်အတွက် ချေပဂိုးနှစ်ဂိုးကိုတော့ ပွဲချိန် ၅၈ မိနစ်မှာ အယ်လ်ကာဆာနဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ရာမို့စ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီအုပ်စုမှာ စပိန်၊ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ပါဝင်ပြီး စပိန်က ရမှတ် ၆ မှတ်နဲ့ အုပ်စုပထမ၊ အင်္ဂလန်က ၄ မှတ်နဲ့ အုပ်စု ဒုတိယ၊ ခရိုအေးရှားက ရမှတ် ၁ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
3 years Ago
Up