ယူရို ၅ သိန်း

A d v e r t i s e m e n t With Us

June 5, 2020

အခွန်ရှောင်မှုအတွက် တိုက်စစ်မှူး ကော်စတာ ယူရို ၅ သိန်းကျော် ဒဏ်ကြေးပေးဆောင်ရမည်

အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးကော်စတာဟာ အခွန်ရှောင်ခဲ့မှုအတွက် ၅၄၀,၀၀၀ ကျော် ဒဏ်ငွေဆောင်ဖို့ သဘောတူညီခဲ့ပါတယ်။  ကော်စတာဟာ ဇွန် ၄ ရက်နေ့က မက်ဒရစ်မြို့မှာရှိတဲ့ တရားရုံးမှာ လာရောက် စစ်ဆေးမှုခံယူခဲ့ပါတယ်။  ၂၀၁၄ ခုနှစ်က ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ရာမှာ ယူရို ၁ သန်းကျော်အတွက် အခွန် ရှောင်ခဲ့တယ်လို့ သိရပါတယ်။  တရားရုံးကနေ ကော်စတာကို ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ်ယူရို ၅၄၀,၀၀၀ ကျော် ဒဏ်ရိုက်ခဲ့ပါတယ်။  ဒါပေမယ့် စပိန်ဥပေဒေအရ ရာဇဝတ်မူမဟုတ်တဲ့ ထောင်ဒဏ် ၂ နှစ်အောက် ပြစ်ဒဏ်တွေအတွက် ဒဏ်ကြေးငွေနဲ့ ဖြေရှင်းနိုင်ပါတယ်။  ဒါကြောင့် ကော်စတာဟာ ထောင်ဒဏ် ၆ လအတွက် ဒဏ်ကြေးငွေ ယူရို ၃၆၅၀၀ ထပ်ဆောင်ရမှာဖြစ်ပြီး စုစုပေါင်းယူရို ၅၄၀,၀၀၀ ကျော်ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပါတယ်။  တိုက်စစ်မှူးကော်စတာဟာ ၂၀၁၇ ခုနှစ်က ချဲလ်ဆီးကနေ အက်သလက်တီကို အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 
9 months Ago
Up