.ယူရိုပြိုင်ပွဲ

A d v e r t i s e m e n t With Us

January 28, 2021

ယူရိုပြိုင်ပွဲ မူလစီစဉ်ထားသည့်အတိုင်း မြို့ ၁၂ မြို့တွင် ကျင်းပမည်

ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို မူလကစီစဉ်ထားတဲ့အတိုင်း မြို့ကြီး ၁၂ မြို့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဖာရင်က အတည်ပြုလိုက်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ဥရောပက မြို့ကြီး ၁၂ မြို့မှာ ကျင်းပဖို့ စီစဉ်ထားတာကို အရေအတွက် လျှော့ချဖို့ သတင်းထွက်ခဲ့ပေမဲ့ မူလက စီစဉ်ထားသလိုပဲ ကျင်းပဖို့ ဖြစ်လာခဲ့တာပါ။ 

ဗိုင်းရပ်စ်ရောဂါပိုးနဲ့ ပတ်သက်လို့ အကောင်းမြင်ထားပြီး အိမ်ရှင်ကျင်းပမယ့် နိုင်ငံက အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး ဇွန်လမှာ ကျင်းပနိုင်ဖို့ မျှော်လင့်ကြောင်း ဆီဖာရင်က ပြောပါတယ်။

ဆက်လက်ပြီး ဘောလုံးပရိသတ်တွေဟာ ဘောလုံးလောကရဲ့ အထူးပုဂ္ဂိုလ်တွေ ဖြစ်တာကြောင့် သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ကွင်းထဲကို ဝင်ရောက်ကြည့်ခွင့်ပေးမယ်လို့ ဥက္ကဋ္ဌ ဆီဖာရင်က အတည်ပြုခဲ့ပါတယ်။ 

1 month Ago
Up