ယူရိုပါလိဂ် (၄) ပွဲမြောက်

November 8, 2019

ယူရိုပါလိဂ်တွင် မန်ယူနိုက်တက်က ပါတီဇန်ကို ၃ ဂိုးပြတ်နိုင်ပြီး နောက်တဆင့် တက်ရောက် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် (၄) ပွဲမြောက် အုပ်စုပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ဆားဘီးယားကလပ် ပါတီဇန် ဘဲဂရိတ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။  ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ၂၁ မိနစ်မှာ ဂရင်းဝုဒ်၊ ဒုတိယဂိုးကို ၃၃ မိနစ်မှာ မာရှယ်က သွင်းယူပါတယ်။  မန်ယူနိုက်တက်အသင်းက ဒီပွဲမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက် ကန်သွင်းခွင့် ၇ ကြိမ်အထိ ရခဲ့ပါတယ်။  ပါတီဇန် ဘဲဂရိတ်အသင်းက ဒီပွဲမှာ တဖက်ဂိုးပေါက် ခြိမ်းခြောက်နိုင်ခြင်း မရှိပါဘူး။  မန်ယူနိုက်တက်အတွက် တတိယဂိုးကို ရပ်ရှ်ဖို့ဒ်က ဒုတိယပိုင်းမှာ သွင်းယူပါတယ်။  မန်ယူနိုက်တက်အသင်းအတွက်တော့ သြဂုတ်လနောက်ပိုင်း အိမ်ကွင်းမှာ ဂိုးပြတ်နဲ့ အနိုင်ရတာ ဖြစ်ပါတယ်။  ဒီပွဲနိုင်လို့ မန်ယူနိုက်တက်က အုပ်စု (L) မှာ ၁၀ မှတ်ရပြီး အုပ်စုကနေ နောက်တဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ 
2 years Ago
Up