ယူရိုပါလိဂ်အုပ်စု (L)

A d v e r t i s e m e n t With Us

December 13, 2019

မန်ယူနိုက်တက်က အေဇက် အယ်လ်ခမာကို ၄ ဂိုးပြတ် အနိုင်ရရှိ (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရိုပါလိဂ်အုပ်စု (L) နောက်ဆုံးပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက အေဇက် အယ်လ်ခမာကို ၄ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။ မန်ယူနိုက်တက် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အရန်လူအများပြားနဲ့ ပွဲထွက်ကစားခဲ့ပါတယ်။ မန်ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူကစားနိုင်ခဲ့ပြီး လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ ခြေစွမ်းပြ ဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့တာပါ။ ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်း ပွဲကစားချိန် ၅၃ မိနစ်မှာ အသင်းခေါင်းဆောင် အက်ရှ်လေယန်းက သွင်းယူခဲ့ပါတယ်။ ဒီနောက် ပွဲကစားချိန် ၅၈ မိနစ်နဲ့ ၆၄ မိနစ်တွေမှာ ဂရင်းဝုဒ်က ၂ ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာ မာတာက ပင်နယ်တီကတဆင့် ၁ ဂိုး သွင်းယူခဲ့ပြီး ၄ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ အုပ်စု (L) တခြားပွဲစဉ်မှာတော့ ပါတီဇန်က အက်ဖ်စီ အက်စတာနာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ အုပ်စု (L) မှာ မန်ယူနိုက်တက်က ရမှတ် ၁၃ မှတ်နဲ့ အုပ်စုပထမ၊ အေဇက် အယ်လ်ခမာက ရမှတ် ၉ မှတ် အုပ်စုဒုတိယနဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ ယူရိုပါလိဂ်မှာ ပရီးမီးယားလိဂ်က အာဆင်နယ် နဲ့ ဝုလ်ဗာဟန်တန်အသင်းတို့လည်း နောက်တဆင့်ကို အသီးသီးတက်ရောက်သွားပါတယ်။ 
1 year Ago
Up