ယူရိုပါလိဂ်ဖလား

August 5, 2020

ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးရယူရန် မန်ယူနည်းပြဆိုးလ်ရှား စိတ်အားထက်သန်နေ  

ဆိုးလ်ရှားရဲ့ မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်ကို မကြာခင်မှာ ယှဉ်ပြိုင် ကစားရတော့မှာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေ စာရင်းမှာလည်း ပါဝင်နေပါတယ်။ ယူရိုပါလိဂ် ဆုဖလားသာ ရရှိခဲ့မယ်ဆိုရင် ဆိုးလ်ရှားအတွက် ပထမဆုံးဆုဖလား ဖြစ်လာမှာ ဖြစ်ပြီး ဒီဖလားကို ဆွတ်ခူးဖို့ စိတ်အားထက်သန်နေတဲ့ ဆိုးလ်ရှားက “ပထမဆုံး ဆုဖလားက တော်တော်လေးကို သက်ရောက်မှု ကြီးမားပါတယ်။  ခင်ဗျား ဆာအဲလက်စ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလိုက်တဲ့အခိုက်အတန့်ကို  မြင်တွေ့ရပြီး ဖြစ်သလို ကျနော်ကိုယ်တိုင်လည်း  ကစားသမားဘဝမှာ ပထမဆုံးဆုဖလား  ဆွတ်ခူးရရှိခဲ့ပြီးနောက် ဒီလို ဆုဖလားတွေကို ထပ်မံဆွတ်ခူးဖို့ ပိုပြီး ဆာလောင်မှု ရှိလာပါတယ်” လို့ ပြောပါတယ်။ မန်ယူအသင်းဟာ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဥရောပအလယ်ပိုင်းက ဩစတြီးယားကလပ်အသင်း LASK နဲ့ အိုးထရက်ဖို့ဒ် အိမ်ကွင်းမှာ  ဩဂုတ် ၅ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ယှဉ်ပြိုင်ကစားရမှာပါ။  ပထမအကျော့ အဝေးကွင်းပွဲစဉ်တုန်းကတော့ မန်ယူအသင်းက LASK အသင်းကို ၅ ဂိုးပြတ် အနိုင်ရထားပါတယ်။
1 year Ago
Up