ယူရိုပါလိဂ်ကစားသမားစာရင်း

October 8, 2020

အိုဇေးလ်နှင့်ဆိုကရားတစ်တို့ ယူရိုပါလိဂ်ကစားသမားစာရင်းမှ ချန်လှပ်ခံရ

အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်နဲ့ နောက်ခံလူ ဆိုကရားတစ်တို့ဟာ ယူရိုပါလိဂ်လူ စာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။  ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွေအတွက် ကစားသမားစုစုပေါင်း ၂၅ ဦးအထိ စာရင်းတင်ရတာ ဖြစ်ပြီး အိုဇေးလ်နဲ့ ဆိုကရားတစ်တို့ ချန်လှပ်ခံခဲ့ရတာပါ။  အသက် ၃၁ နှစ်ရှိ ကွင်းလယ်လူ အိုဇေးလ်ဟာ အာဆင်နယ်မှာ တပတ်လုပ်ခပေါင် ၃ သိန်းခွဲ နဲ့ လုပ်ခအများဆုံး ရရှိနေသူပါ။  အိုဇေးလ်ဟာ ပြီးခဲ့တဲ့ မတ်လနောက်ပိုင်းမှာ အသင်းအတွက် ၁ ပွဲမှ ကစားပေးခြင်း မရှိသေးဘဲ နည်းပြ အာတီတာနဲ့ အဆင်မပြေဖြစ်နေတာပါ။  နောက်ခံလူ ဆိုကရားတစ်ကတော့ အခုနှစ်အပြောင်းအရွှေ့မှာ အသင်းက ရောင်းချဖို့ စီစဉ်ထားပေမယ့် အဆင်မပြေဖြစ်ခဲ့တာပါ။  ဆိုကရားတစ်ဟာလည်း နည်းပြအာတီတာရဲ့အစီအစဉ်မှာ ပါဝင်ခြင်း မရှိခဲ့တာဖြစ်ပြီး အခု နှစ်ရာသီမှာ အာဆင်နယ်အတွက် ပွဲကစားပေးနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။  အိုဇေးလ်ဟာ အသင်းကနေ ထုတ်ပယ်လိုက်တဲ့ ဝန်ထမ်းစာရင်းမှာပါဝင်ခဲ့တဲ့ လာဘ်ကောင် ရုပ်ဝတ်ဆင်သူ ဂျယ်ရီကို သူအသင်းမှာ ဆက်ရှိနေချိန်အထိ လစဉ်ထောက်ပံ့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 
7 months Ago
Up