ယူရိုပါလိဂ်

December 15, 2020

ယူရိုပါလိဂ်တွင် ဆိုစီဒက်နှင့် မန်ယူအသင်း ထိပ်တိုက်တွေ့ဆုံ

ယူရိုပါလိဂ် ၃၂ သင်းအဆင့် မဲခွဲပွဲကို မနေ့က ကျင်းပပြုလုပ်ခဲ့ရမှာ မန်ယူအသင်းက လာလီဂါမှာ အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ဆိုစီဒက်နဲ့ တွေ့ဆုံခဲ့ပါတယ်။  ချန်ပီယံလိဂ်မှာ အုပ်စုတတိယသာ ရခဲ့လို့ ယူရိုပါလိဂ်ဆီ ဆင်းကန်ရမယ့် မန်ယူအသင်းဟာ ခြေစွမ်းကောင်းမွန်နေတဲ့ ဆိုစီဒက်နဲ့ ဆုံခဲ့လို့ ပွဲကျပ်သွားခဲ့ရတာပါ။  ဆိုစီဒက်က မန်စီးတီးကွင်းလယ်လူဟောင်း ဒေးဗစ်ဆေးလ်ဗားဟာလည်း ဒါဘီပြိုင်ဘက်ဟောင်း မန်ယူအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။ အာဆင်နယ်က ပေါ်တူဂီလိဂ် အဆင့် ၂ က ဘင်ဖီကာနဲ့ တွေ့ဆုံခဲ့ပြီး စပါးက သြစတြီးယားကလပ် ဝုဗ်ဘာဂါ၊ လက်စတာက ချက်ကလပ် ဆလားဗီးယာပရက်နဲ့ တွေ့ဆုံခဲ့ပါတယ်။  တခြားပွဲစဉ်တွေမှာတော့ ရိုးမားနဲ့ ဘရာဂါ၊ ဇာဗက်ဒါနဲ့ အေစီမီလန်၊ လိုင်လီနဲ့ အေဂျက်ဇ်တို့ တွေ့ဆုံပါတယ်။  ဒါ့အပြင် နာပိုလီနဲ့ ဂရန်နာဒါ၊ ဆဲလ်ဘက်နဲ့ ဗီလာရီးယဲလ်၊ ယန်းဘွိုင်းစ်နဲ့ လေဗာကူဆင်တို့လည်း ထိပ်တိုက်ဆုံခဲ့ပါတယ်။
12 months Ago

December 4, 2020

ယူရိုပါလိဂ်ပွဲစဉ်တွင် စပါးအသင်းက သြစတြီးယားကလပ်LASK နှင့် ၃ ဂိုးစီသရေကျ 

ဒီမနက်အစောပိုင်းကန်သွားတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ စပါးအသင်းဟာ သြစတြီးယားကလပ် LASK  ကို  ၈၇ မိနစ်အထိ အနိုင်ရနေပေမဲ့ ပွဲပြီးခါနီးမှာ ချေပဂိုးပေးခဲ့ရလို့ ၃ ဂိုးစီ သရေကျခဲ့ပါတယ်။  စပါးအသင်းက သရေကျခဲ့ပေမဲ့ လက်ကျန်တစ်ပွဲအလိုမှာ LASK  အသင်းကို ၃ မှတ်ဖြတ်ပြီး ထိပ်တိုက်တွေ့ဆုံမှုမှာလည်း အသာရခဲ့လို့ နောက်တစ်ဆင့်တက်ဖို့တော့ သေချာစေခဲ့ပါတယ်။  နည်းပြမော်ရင်ဟိုကတော့ အသင်းသားတချို့ရဲ့ စွမ်းဆောင်ရည်အပေါ် အားမရဖြစ်နေပြီး ယူရိုပါလိဂ်အုပ်စုအဆင့်က ကစားသမား တချို့အတွက်တော့ စိတ်လှုံ့ဆော်မှု မပေးနိုင်ဘဲ ဒီလိုပြိုင်ပွဲ အဆင့်မှာ ရှိမနေသင့်ဘူးလို့ ထင်နေကြကြောင်း မော်ရင်ဟိုက ဝေဖန်ခဲ့တာပါ။  စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ယူရိုပါလိဂ်ထက် တစ်ဆင့်မြင့်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရခဲ့ပြီး ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။  ဒီအဆင့်က ကစားသမားတချို့အပေါ် စိတ်ဓာတ်လှုံ့ဆော်မှု မပေးနိုင်တာက အုပ်စုတွင်း အဝေးကွင်းပွဲစဉ်တွေမှာ သိသာတယ်လို့လည်း မော်ရင်ဟိုက သုံးသပ်ပြောပါတယ်။
12 months Ago
More News
Up