ယူရိုငွေ တစ်ထရီလီယံ ရင်းနှီးမြှုပ်နှံမှု

January 16, 2020

၂၀၅၀ တွင် ကာဗွန်ထုတ်လုပ်မှု သုညအထိ လျှော့ချမည့်အစီအစဉ်သစ် အီးယူထုတ်ပြန် 

၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု သုညအထိ လျှော့ချပြီး အီးယူအဖွဲ့ဝင်နိုင်ငံတွေ ကျောက်မီးသွေးအပေါ် မှီခိုမှုကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ “ယူရိုငွေ တစ်ထရီလီယံ ရင်းနှီးမြှုပ်နှံမှု” အစီအစဉ်ကို ဥရောပကော်မရှင် ဥက္ကဋ္ဌက ဇန်နဝါရီ ၁၄ ရက်မှာ တင်ပြပါတယ်။ အဲဒီအစီအစဉ်ကို  “ဥရောပစိမ်းလန်းရေးသဘောတူညီချက် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်နဲ့ မျှတတဲ့ အသွင်ကူးပြောင်း ယန္တရား” လို့  ဥရောပပါလီမန်မှာ ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယွန်က ခေါ်ဝေါ် ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံးက ဥရောပနဲ့ အမျိုးသားပေါင်းစပ်ငွေကြေး ပါဝင်မယ်လို့ သူက ပြောပါတယ်။ ဥရောပရသုံးငွေကော်မရှင်နာ ယိုဟန်နက်စ် ဟန်းစ်ကလည်း “ဥရောပဟာ ရာသီဥတုအထိနာတာကို ရှောင်ရှားဖို့ ရာသီဥတုရန်ပုံငွေ လိုအပ်တယ်”လို့ ပြောခဲ့ပါတယ်။  ၁၀ နှစ်တာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် တစ်ထရီလီယံရဲ့ တစ်ဝက်လောက်ဟာ အီးယူရဲ့ ကာလရှည် ဘတ်ဂျက်ကနေ လာမှာ ဖြစ်တယ်လို့ ဥရောပ ကော်မရှင်က ဆိုပါတယ်။ ဒါဟာ အီးယူအဖွဲ့ဝင် အစိုးရတွေကနေ ပူးတွဲထောက်ပံ့တဲ့ ဘီလီယံ ၁၀၀ ကျော်  ဖြစ်စေမှာပါ။ စီးပွားရေးအရ ကျောက်မီးသွေးအပေါ် မှီခိုနေရတဲ့ ပိုလန်ကလွဲရင် အီးယူအဖွဲ့ဝင် နိုင်ငံအားလုံးက နောင်အနှစ် ၃၀ မှာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု သုညအထိ လျှော့ချဖို့ သဘောတူကြပါတယ်။ ဥရောပကော်မရှင် ဒုက္ကဋ္ဌ ဖရန့်စ်တင်မာမန်းက ကျောက်မီးသွေးလုပ်ငန်း လုပ်ကိုင်လိုသလားလို့ မေးခွန်းထုတ်ပြီး “မျှတတဲ့ အသွင်ကူးပြောင်းရန်ပုံငွေဟာ ကျောက်မီးသွေးထုတ်ရာဒေသတွေမှာ ပြန်ပြောင်းလဲမှု တွေ လုပ်ဖို့ ကူညီထောက်ပံ့ သွားမယ်”လို့  အီးယူအမတ်တွေကို ပြောခဲ့ပါတယ်။ 
1 year Ago
Up