ယူနီယံဘာလင်

May 18, 2020

ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်ကို အနိုင်ရပြီး အမှတ်ပေးဇယား ဆက်လက်ဦးဆောင် 

ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ် ၂ ပွဲကို တနင်္ဂနွေနေ့က ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာ ဘိုင်ယန်မြူးနစ်အသင်းက နိုင်ပွဲရခဲ့ပြီး ကိုလုံးနဲ့ မိန့်ဇ် အသင်းတို့ တဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။  အစောပိုင်းပွဲစဉ်မှာ ကိုလုံးအသင်းက  အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုး ပြန်ပေးလိုက်ရလို့ သရေကျခဲ့တာပါ။  ပွဲစဉ် ၂၅ ရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။  ပွဲချိန် မိနစ် ၄၀ မှာ လီဝန်ဒေါစကီးက ပင်နယ်တီကနေ ဦးဆောင်ဂိုး စတင်သွင်းခဲ့ပြီး ဒုတိယပိုင်း ၈၁ မိနစ်မှာ နောက်ခံလူ ပါဗက်ဒ်က ဘိုင်ယန်အတွက် ဒုတိယဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။  ဒီပွဲအနိုင်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းက အမှတ်အပေးဇယားဒုတိယေနရာက ဒေါ့မွန်အသင်းကို ၄ မှတ်ဖြစ်ပြီး အဆင့်တစ်နေရာမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။  ဘွန်ဒက်စ်လီဂါပြိုင်ပွဲဟာ ဥရောပထိပ်တန်းလိဂ်တွထဲမှာ ပထမဆုံးပြန်လည် ကျင်းပနိုင်ခဲ့တဲ့ လိဂ်ပြိုင်ပွဲဖြစ်ပါတယ်။ 
12 months Ago

October 27, 2019

ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။  ဘိုင်ယန်မြူးနစ်အတွက် ဦးဆောင်ဂိုးကို ပါပက်က သွင်းယူပါတယ်။ ဘိုင်ယန်က အိမ်ကွင်းမှာ ခြေစွမ်းအသာနဲ့ ကစားသွားပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။  အိမ်ရှင် ဘိုင်ယန်မြူးနစ်အတွက် ဒုတိယဂိုးကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ဒီဂိုးဟာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးအတွက် ဘွန်ဒတ်စ်လီဂါ အမှတ်ပေးပြိုင်ပွဲမှာ ၉ ပွဲဆက်တိုက် သွင်းယူနိုင်တဲ့ ဂိုးလည်း ဖြစ်ပါတယ်။  ၅၇ မိနစ်လောက်မှာ ယူနီယံဘာလင် ပင်နယ်တီ ရပေမယ့် ဂိုးသမား နူအာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ၈၆ မိနစ်လောက်မှာ နောက်တကြိမ်အဖြစ် ယူနီဘာလင်အသင်း ပင်နယ်တီ ရသွားပါတယ်။ အဲဒီပင်နယ်တီကို ဂိုးသမား နူအာ မကာကွယ်နိုင်လို့ ဘိုင်ယန်မြုးနစ်က ၂ ဂိုး ၁ ဂိုးနဲ့ပဲ အနိုင်ရသွားပါတယ်။  ဒီပွဲနိုင်တဲ့ ဘိုင်ယန်က လောလောဆယ် ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ယူနီယံဘာလင်အသင်းကတော့ ရမှတ် ၇ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
2 years Ago
Up