ယူနီဆက်ဖ်သံတမန် ကေတီပယ်ရီ ဗီယက်နမ် ကျေးလက်ဒေသ သွားရောက်

A d v e r t i s e m e n t With Us

June 2, 2016

ယူနီဆက်ဖ်သံတမန် ကေတီပယ်ရီ ဗီယက်နမ် ကျေးလက်ဒေသ သွားရောက်

ပေါ့ပ်အဆိုတော် ကေတီပယ်ရီဟာ ဗီယက်နမ်နိုင်ငံက ဝေးလံသီခေါင်တဲ့ နင်သွမ့်ခရိုင် ကျေးလက်ဒေသကို သွားရောက် လည်ပတ်ပါတယ်။ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ကြီး ယူနီဆက်ဖ်ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် စိန်ခေါ်မှုများတဲ့ ဒေသမှာ နေတဲ့ ကလေးတွေရဲ့ အတိဒုက္ခအကြောင်း သိသာထင်ရှားစေဖို့ လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။ ကေတီပယ်ရီဟာ ယူနီဆက်ဖ်က ကျောထောက်နောက်ခံ ပေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ ကျေးလက်ရွာတွေ အသီးသီးကို သွားရောက်လည်ပတ်ပြီး ဒေသတွင်း ဆင်းရဲမွဲတေမှု၊ ဒါမှမဟုတ် ဝေးလံသီခေါင်မှုဒဏ် ခံနေရတဲ့ ကလေးတွေနဲ့ တွေ့ဆုံပါတယ်။ နင်သွမ့်ခရိုင်ထဲက ကလေး ၂၀ ရာခိုင်နှုန်းဟာ ကျောင်းမသွားနိုင်ဘဲ ကလေးတဝက်လောက်က ဆင်းရဲမွဲတေတဲ့ဘဝမှာ နေရတယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။ ခရိုင်တွင်း ကလေး ၁၅ ရာခိုင်နှုန်းက တိုင်းရင်းသားတွေဖြစ်လို့ ဗီယက်နမ်စကားကို မပြောတတ်တဲ့အတွက် ပညာရေးကနေ အပယ်ခံထားရသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့လို့ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေကြောင့် ကလေးတွေ အများအပြား သေဆုံးတယ်လို့လည်း ယူနီဆက်ဖ်က ပြောပါတယ်။ ကေတီပယ်ရီဟာ ၂၀၁၃ ခုနှစ်မှာ ယူနီဆက်ဖ်ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
5 years Ago
Up