ယူနီကူရိုကုမ္ပဏီ

July 16, 2015

ယူနီကူရိုကုမ္ပဏီ အ၀တ်လဲခန်း လိင်ဗွီဒီယိုဖိုင် ပျံ့နှံ့မှု တရုတ်ရဲစုံစမ်းမည်

ဂျပန် အ၀တ်အစား ကုမ္ပဏီ ယူနီကူရိုရဲ့ တရုတ်နိုင်ငံ ဘေဂျင်းဆိုင်ခွဲမှာ အ၀တ်အစားတွေ စမ်းသပ်ဝတ်ဆင်တဲ့ အခန်းတွင်း လိင်ဆက်ဆံနေတဲ့ ဗွီဒီယိုဖိုင်ဟာ တရုတ် လူမှုရေးကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဇူလိုင် ၁၄ ရက် လူမှုရေးကွန်ရက်ပေါ် တင်လိုက်တဲ့ စမတ်ဖုန်းနဲ့ ရိုက်ထားတဲ့ ၁ မိနစ်ကြာ စုံတွဲတတွဲ လိင်ဆက်ဆံနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ဟာ တရုတ်ရဲ့ လူမှုရေးကွန်ရက်ေ၀၀ိုနဲ့ ဗွီချတ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ေ၀၀ိုမှာ ယူနီကူရိုကို ရှာပြီး ပို့စ်လုပ်သူ ၂ ဒသမ ၅ သန်းကျော်သွားတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၅ ရက်မှာတော့ ဒီဗွီဒီယိုဖိုင်ကို ပြန်ဖြုတ်ချခဲ့ပါတယ်။ တချို့ကတော့ ယူနီကူရိုက စတန့်ထွင်ပြီး လုပ်တာလို့ စွပ်စွဲပြောဆိုမှုတွေ ရှိနေတာကို ကုမ္ပဏီက သက်ဆိုင်ခြင်းမရှိဘူးလို့ ငြင်းဆန်ပါတယ်။ ဘေဂျင်း ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စကို တိုင်တန်းထားခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။
6 years Ago
Up