ယူနိုက်တက်ကစားသမား

October 4, 2020

ယူနိုက်တက်ကစားသမားဘဝ ဝေဖန်ခဲ့သူများကို လူကာကူ တုံ့ပြန်

မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်တုန်းက သူ့ကို “ပျင်းတယ်”၊ “လေးတယ်” လို့ ဝေဖန်ခဲ့သူတွေကို အင်တာမီလန်အသင်းတိုက်စစ်မှူး ရိုမယ်လူ လူကာကူက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။  အဲဗာတန်အသင်းအတွက် ၁၆၆ ပွဲကစားပြီး ၈၇ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူကာကူကို ယူနိုက်တက်အသင်းက ၂၀၁၇ ခုနှစ်မှာ  ပေါင် ၄၅ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။  ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ အဲဗာတန်အသင်းနဲ့အတူ ပရီးမီးယားလိဂ် မှာ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးတွေထဲကတဦးအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ပြီး ယူနိုက်တက်အသင်းကို ပြေင်းရွှေ့ခဲ့ရာမှာလည်း ကနဦးမှာ တော်တော်လေးခြေစွမ်းပြနိုင်ခဲ့ပါတယ်။  သူဟာ ယူနိုက်တက်အသင်းအတွက် ပထမရာသီမှာ ၂၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တော့ ယူနိုက်တက်အသင်းရဲ့နည်းပြအပြောင်းအလဲနဲ့အတူ လူကာကူဟာလည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ဘောလုံးအရည်အသွေးတို့အပေါ် မေးခွန်းထုတ်ခံခဲ့ရပါတယ်။  နော်ဝေနည်းပြ ဆိုးလ်ရှားဟာ လူကာကူထက် မာရှယ်နဲ့ ရက်ဖို့ဒ်တို့ကို ပိုမိုအသုံးပြုခဲ့ပြီး လူငယ်ကစားသမား မေဆင်ဂရင်းဝုဒ်ကိုလည်း အသင်းကြီးထံခေါ်ယူခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့ လူကာကူဟာ အင်တာမီလန်အသင်းကို ပေါင် ၇၄ သန်းနဲ့ ရောင်းထုတ်ခံခဲ့ရပါတယ်။  ဒါပေမဲ့ လူကာကူဟာ အင်တာမီလန်အသင်းမှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြန်ရခဲ့ပြီး ကွန်တီရဲ့အသင်းအတွက် အရေးပါတဲ့ ဂိုးတွေသွင်းယူပေးနိုင်ခဲ့ပါတယ်။  လူကာကူဟာ အင်တာမီလန်အသင်းအတွက် ၃၇ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီဖြစ်ကာ သူရဲ့အရည်အသွေးတွေဟာ အင်္ဂလန်မှာထက် အီတလီမှာ ပိုပြီးချီးကျူးခံနေရတယ်လို့ ကစားသမားကပြောပါတယ်။  ကစားပုံကိုပြောင်းလဲခဲ့ခြင်းမရှိပေမယ့် အင်္ဂလန်မြေမှာထက်စာရင် အီတလီမြေမှာ ပိုပြီးတော့ ခြေစွမ်းပြနိုင်တယ်လို့ လူကာကူက ပြောပါတယ်။ “လွန်ခဲ့တဲ့နှစ် ကျနော်အင်္ဂလန်မှာရှိနေစဉ် ကျနော်က ပျင်းတယ်၊ မပြေးဘူး။ ကျနော်ဘောလုံးကို စိတ်ပါလက်ပါမကစားဘူးလို့ အပြောခံခဲ့ရပါတယ်။ ဒီမှာကြတော့ သူတို့က ကျနော့်ကို အလုပ်အကြိုးစားဆုံး ကစားသမားအဖြစ်သတ်မှတ်ထားကြတယ်။ ကျနော်ဒီမှာကစား တာနဲ့ အင်္ဂလန်ကစားတာကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တိုးတက်မှုတစ်ချို့ကိုမြင်ရပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ အရင်တုန်းကလိုပါပဲ။ အင်္ဂလန်မှာတုန်းကဆိုရင် ကျနော်ကနှေးတယ်၊ ယူနိုက်တက်အသင်းရဲ့ မြန်နှုန်းမြင့်ကစားပုံနဲ့ ကိုက်ညီမှုမရှိဘူးလို့အပြောခံရပါတယ်။ သူတို့ပြောသလို ကျနော်ကနှေးနေတယ်ဆိုရင် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ရှက်တာဒိုးနက်ဘက်ကိုသွင်းခဲသလို ဂိုးမျိုး ကျနော်သွင်းနိုင်မှာမဟုတ်ပါဘူး။ ကျနော်သာနှေးနေမယ် ဆိုရင် ဆီဗီလာနဲ့ဖိုင်နယ်ပွဲမှာ ပင်နယ်တီရခဲ့သလိုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ၂ နှစ်ကြာသွားခဲ့ပါပြီ။ အသက် ၂၇ နှစ်အရွယ် ကျနော်က ၂၅ နှစ်အရွယ်ကထက်ပိုပြီး မြန်နေမယ်လို့ပြေ ာချင်တာလားတော့မသိပါဘူး” လို့ သူ့အပေါ်ဝေဖန်ခဲ့သူတွေကို လူကာကူက တုံ့ပြန်ခဲ့ပါတယ်။ 
7 months Ago
Up